ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အထပ်မြင့်လူနေတိုက်ခန်းတွေအနေနဲ့ သဘာဝဘေးကြောင့်တစ်စုံတစ်ရာဆုံးရှံးမှုဖြစ်ပေါ်ခဲ့ရင် အဲဒီအခန်းတွေမှာ ဝယ်ယူနေထိုင်နေသူတွေဟာ မူလနေရာကိုပြန်လည်ရရှိဖို့ မသေချာပါဘူး။
ဒါပေမဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အခုနောက်ပိုင်းမှာ အထပ်မြင့်သတ်မှတ်ချက်တွေ၊ ကားပါကင်သတ်မှတ်ချက်တွေပါဝင်လာပါတယ်။ ဒါကြောင့် ငွေရေးကြးရေးပိုင်းအရကန်ထရိုက်တာတွေဟာ ငွေစိုက်ပြီး မတည်ဆောက်နိုင်တော့ဘဲ မူလပိုင်ရှင်တွေဟာ တစ်ခန်းချင်းစီရဲ့ကုန်ကျစရိတ်ကို စိုက်ထုတ်ရတော့မှာဖြစ်ပါတယ်။
“ အခုနောက်ပိုင်းစည်ပင်မူအသစ်က အထပ်မြင့်ကန့် သတ်ချက်တွေကားပါကင်တွေပါလာတော့ အဲ့ဒီ့ အထပ်တိုင်းမရရင်ကန်ထရိုက်တာကလည်းစိုက်ပြီးဆောက်နိုင်မှာ မဟုတ်ဘူး မူလနေထိုင်သူက ဟိုအရင်ကဆို လေးငါးဆယ်သိန်းလောက်ထပ်စိုက်လိုက်ရင် သူ့ အခန်းပြန်ရနိုင်သေးတယ် အခုပုံစံပြောင်းလိုက်တာကြောင့် တစ်ခန်းချင်းစီရဲ့ကုန်ကျစရိတ်ကို မူလနေထိုင်သူက စိုက်ရတော့မဲ့သဘောရှိတယ် နောက်ပြီး မြေရှင်ကလည်းသဘောတူဖို့ လိုတယ် မြေရှင် ကပေးမဆောက်ဘူးဆိုရင်လည်း အခက်အခဲရှိနိုင်တယ် " မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (အထွေထွေအတွင်းရေးမှူး ) ဦးမျိုးမြင့်ကပြောပါတယ်။
အခုလို အထပ်မြင့်ကန်ထရိုက်တိုက်ခန်းတွေအနေနဲ့ မြေရှင်ကန်ထရိုက်တာ မူလနေထိုင်သူတွေအကြား အဆင်ပြေနိုင်စေမဲ့ တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေအဆိုပြုမူကြမ်းကိုရေးဆွဲပြီးဖြစ်ပေမဲ့ အတည်ပြုနိုင်ဖို့  ကြိုးပမ်းနေပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com