“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
21 Feb 2025 10:53 am တွင် တင်ခဲ့သည်
610 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်နိုင်ငံသည် လုံခြုံစိတ်ချရမှု၊ ရိုးသားမှုရှိသော နိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် နာမည်ကျော်သည်။

လမ်းပေါ်တွင် ကျပျောက်သော ပစ္စည်းများကို ပိုင်ရှင်တို့က ခြေရာလက်ရာမပျက် ပြန်လည် တွေ့ရှိကြသည်။

ဂျပန်၏ ထူးခြားသော ရိုးသားမှုကို မလေးရှားအမျိုးသမီးတစ်ဦး မကြာသေးမီက ကိုယ်တွေ့ကြုံခဲ့သည်။

ဂျပန်ရှိ Halal စားသောက်ဆိုင်တစ်ခုတွင် သူ၏ iPad မေ့လျော့ကာ ကျန်ရစ်ခဲ့သည်။ ထိုအမျိုးသမီးက TikTok တွင် @-intanizzaty ဟူသော အကောင့်ဖြင့် အဆိုပါ ကြက်သီးမွေးညှင်းထဖွယ် ဖြစ်ရပ်ကို မျှဝေ ပြောပြခဲ့သည်။

စားသောက်ဆိုင်တွင် ညစာစားရင်း iPad ကျန်ခဲ့သည်ကို သိလိုက်ချိန်တွင် အလွန်စိတ်ဓာတ်ကျသွားပြီး မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရသည်။

သိလိုက်ချိန်တွင် ည ၁၀ နာရီခွဲအချိန်ရှိပြီ ဖြစ်သောကြောင့် စားသောက်ဆိုင်ပိတ်သွားပြီဖြစ်ရာ ဖုန်းဆက်၍ မရတော့သဖြင့် သောကအပူမီး ပိုမို ကြီးထွားခဲ့ရသည်။

သို့သော် နောက်နေ့မနက်တွင် သူမနှင့် ခင်ပွန်းဖြစ်သူတို့ စားသောက်ဆိုင်သို့ ပြန်လည်သွားရောက်ခဲ့ရာတွင် စားသောက်ဆိုင်အပြင်ဘက် ဆိုင်းဘုတ်ဘေး၌ iPad ကို ခြေရာလက်ရာမပျက် ပြန်လည်တွေ့ရှိခဲ့သည်။

သူမက ပြောပြသည်မှာ ဂျပန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အိတ်လည်း ကျပျောက်ခဲ့ဖူးပြီး ပြန်ရခဲ့ကြောင်း ပြောပြသည်။

“ကြီးမြတ်တော်မူတဲ့ အလ္လာဟ်ရှင်မြတ်။ ဂျပန်ရဲ့ လုံခြုံစိတ်ချရမှုက တကယ့်ကို မယုံနိုင်အောင်ပါပဲ။ အဲဒါကြောင့် ကျွန်မ နှစ်တိုင်း ဂျပန်ကို မဖြစ်မနေ ခရီးသွားပါတယ်။”

“ဒီနှစ် ခရီးစဉ်မှာ ကျွန်မရဲ့ iPad နဲ့ အိတ်တွေ မေ့ပြီး ကျန်ခဲ့ပါတယ်။ ၂ ကြိမ်လုံး ပြန်ရတယ်။ ဆိုင်မှာက စားသောက်ဖို့ လာတဲ့လူတွေနဲ့ အမြဲတမ်း ပြည့်နေတာဆိုတော့ တယောက်ယောက် ယူသွားမှာ စိုးရိမ်ခဲ့မိတယ်။”

“ဒါပေမယ့် ဂျပန်တွေက ကိုယ့်ကိစ္စကိုယ် အာရုံထားတဲ့လူတွေပါ။ iPad တစ်ခု လမ်းမှာ တွေ့ရင်တောင် မယူကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပိုင်တဲ့ ပစ္စည်းမဟုတ်လို့ပါ။”

(ဓာတ်ပုံ-@-intanizzaty/TikTok)

သူ၏ TikTok ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ကျော်ကြား ဂယက်ရိုက်သွားပြီး ကြည့်ရှုမှု အကြိမ်ရေ ၇၄၀,၀၀၀ ကျော် ရှိခဲ့သည်။

မလေးရှားနိုင်ငံသားများစွာကလည်း ၎င်းတို့၏ ဂျပန်ရောက် အတွေ့အကြုံများကို မှတ်ချက်ပြုကြရာ ကျကျန်ခဲ့သည့် ပစ္စည်းတိုင်း ပြန်ရကြောင်း ပြောဆိုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: “Safety in Japan is incredible” - M’sian leaves iPad at restaurant in Japan, finds it there the next day Photo Credit-@-intanizzaty/TikTok

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...

[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ

ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service