အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ - Property News in Myanmar from iMyanmarHouse.com
18 Feb 2025 10:48 am တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်ရှိုင်းယားခရိုင်မှ မြို့လေးတစ်မြို့၏ တိတ်ဆိတ်သော လမ်းထောင့်တစ်နေရာတွင် တစ်လလျှင်တစ်ကြိမ်နှုန်းဖြင့် အခွံခွာထားသော ငှက်ပျောသီးတစ်ပန်းကန်ကို တွေ့ရှိနေသည်မှာ တစ်နှစ်ကျော် ရှိခဲ့ပြီဖြစ်ပြီး မည်သည့်အတွက် ထိုငှက်ပျောသီးပန်းကန် လာရောက်ချထားသည်ကို မည်သူမျှ မသိကြချေ။

နော်တင်ဟမ်ရှိုင်းယားခရိုင်၊ ဘီးစတန် (Beeston) မြို့လေးရှိ Abbey လမ်းနှင့် Wensor ရိပ်သာလမ်းထောင့် တွင် ငှက်ပျောသီး ၁၆ လုံးမှ ၂၀ လုံးအထိ ထည့်ထားသော ပန်းကန်တစ်ချပ်ကို မြို့ခံတို့ သတိထားမိနေ သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။

လစဉ်လတိုင်း လအစ ပထမရက် (သို့မဟုတ်) ဒုတိယရက်တွင် အဆိုပါငှက်ပျောသီးပန်းကန် ပေါ်ပေါက်လာလေ့ရှိသည်။

မည်သူက အဘယ်ကြောင့် ငှက်ပျောသီးပန်းကန်လာချထားနေသည်ကို ဒေသခံတို့ မစဉ်းစားတတ်အောင် ဖြစ်နေသည်။

သိရသမျှမှာ အဆိုပါ ငှက်ပျောသီးပန်းကန် တစ်နေရာတည်းတွင် လတိုင်းတွေ့နေရသည်မှာ တစ်နှစ်ကျော်ရှိခဲ့ပြီဟူသောအချက်သာ ဖြစ်သည်။

ငှက်ပျောသီးပန်းကန်ကို မည်သူလာရောက်ချထားသည်ဖြစ်စေ ထိုသို့ မချရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များ ထားရှိသော်လည်း ငှက်ပျောသီးပန်းကန်ကို လစဉ်တွေ့ရမြဲပင်။

အချို့က ယူဆသည်မှာ ပျားရည်ဆမ်းထားသော ငှက်ပျောသီးပန်းကန်ချထားခြင်းမှာ ဘာသာရေးယုံကြည်ချက်အရ ဖြစ်နိုင်ကြောင်း ပြောကြာသည်။

အချို့ကမူ ဒေသတွင်းရှိ တိရ စ္ဆာန်တို့ကို တစ်ဦးဦးက အစာလာကျွေးနေခြင်းသာဖြစ်သည်ဟု ယူဆကြသည်။

သို့သော် မည်သည့်တိရ စ္ဆာန်မှ ထိုငှက်ပျောသီးပန်းကန်ကို မတို့ထိကြ။

ယနေ့အချိန်အထိ အဆိုပါ အံ့ဖွယ်သူရဲ ဆန်းကြယ်သောဖြစ်ရပ်နှင့် ပတ်သက်ပြီး အဖြေမှန်ကို မည်သူမှ မသိကြ။

“အနီးနားဝန်းကျင်မှာ ကျွန်မ လိုက်ပြီးမေးပေမယ့် ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး” ဟု ဒေသခံတစ်ဦးဖြစ်သူ ကလဲရ်ရှော့က ပြောသည်။

“လတစ်လရဲ့ ဒုတိယရက် မနက်စောစောမှာ ငှက်ပျောသီးပန်းကန်ကို တွေ့ရလေ့ရှိပါတယ်။ ကျွန်မ အလုပ်သွားတိုင်း အဲဒီလမ်းက သွားရတာမို့လို့ပါ။ ဒီကိစ္စရဲ့ အဖြေကို သိချင်နေပါတယ်”

မိမိတို့၏ လမ်းထိပ်တွင် ငှက်ပျောသီးများ ပုပ်သိုးလာခြင်းအပေါ် ဒေသခံတို့ စိတ်ပျက်နေကြရာ ကလဲရ်ရှော့က မိမိကိုယ်တိုင် ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ရသည်။

 

 

(ဘီးစတန်မြို့လေး၏ လမ်းထောင့်တစ်နေရာတွင် ငှက်ပျောသီးတစ်ပန်းကန်ကို လစဉ်လတိုင်း တွေ့နေရသည်)

ငှက်ပျောသီး လစဉ်လာရောက်ချထားနေသူကို ထိုသို့ ဆက်လက်မလုပ်ဆောင်ပါရန် တောင်းဆိုသည့် စာတစ်စောင် ကလဲရ်ရှော့က ပရင့်ထုတ်ခဲ့သည်။

အဆိုပါ တောင်းဆိုစာကို လစဉ် ငှက်ပျောသီးတွေ့ရသည့်နေရာတွင် ထားရှိခဲ့သည်။

“ကျေးဇူးပြုပြီး ငှက်ပျောသီးတွေ ထပ်မချပါနဲ့ရှင်။ ပြန်မသိမ်းတဲ့ ပန်းကန်ပြားတွေနဲ့ ပုပ်သိုးသွားတဲ့ ငှက်ပျောသီးတွေကြောင့် ညစ်ပတ်လာလို့ပါ” ဟု ရေးသားဖော်ပြထားသည်။

ကလဲရ်ရှော့က ထိုသို့ တောင်းပန်စာ ရေးသားထားသော်လည်း ဇန်နဝါရီ ၂ ရက်တွင် ငှက်ပျောသီးအပြည့်ဖြင့် ပန်းကန်ပြားတစ်ချပ် ရောက်လာပြန်သည်။

ထိုအချိန်တွင်မူ ကလဲရ်ရှော့က သူ၏ဆိုင်းဘုတ်ကို ပြန်လည်ဖြုတ်သိမ်းခဲ့သည်။ ငှက်ပျောသီးလာရောက် ချထားနေခြင်းမှာ တစ်ဦးတစ်ယောက်အတွက် အရေးကြီးသောကြောင့်ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။

“ကျွန်မရဲ့ ဆိုင်းဘုတ်ကို ပြန်သိမ်းလိုက်ပါတယ်။ ဘာကြောင့်လဲဆို အကျယ်အကျယ်နဲ့ ပြဿနာ မဖြစ်ချင်လို့ပါ” ဟု ကလဲရ်ရှော့က ဆိုသည်။

 

 

(Abbey လမ်းနှင့် Wensor ရိပ်သာလမ်းထောင့်တွင် ငှက်ပျောသီးပန်းကန်ကို တွေ့နေရသည်မှာ တစ်နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်)

 

 

(ငှက်ပျောသီးများ ဆက်လက်မချထားပါရန် တောင်းဆိုစာ ကပ်ထားသော်လည်း တွေ့ရမြဲ ဖြစ်နေသည်)

အချို့ကပြောသည်မှာမူ လစဉ်ပေါ်ပေါက်လာနေသော ငှက်ပျောသီးပန်းကန်ကြောင့် ခြောက်ခြားမှု ခံစားနေရကြောင်း၊ လက်သည်ကို ရှာဖွေပေးရန် ရဲတပ်ဖွဲ့ထံ အကြောင်းကြားထားကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Town terrorised by phantom banana peeler: Locals split hairs after perfectly prepared fruit mysteriously appears on street every month for over a year Photo Credit-Dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service