စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
20 Feb 2025 12:30 pm တွင် တင်ခဲ့သည်
1498 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူတွင် ပူပြင်းသော နေအပူအောက်၌ အလုပ်လုပ်နေရသော ဆောက်လုပ်ရေးလုပ်သားများကို အေးမြမှု ပေးစွမ်းနိုင်ရန်အတွက် ကလေးငယ်တစ်ဦးက အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုမှာ လူမှုကွန်ရက် သုံးစွဲသူတို့၏ နှလုံးသားများကို သိမ်းပိုက်နိုင်ခဲ့သည်။

TikTok လူမှုကွန်ရက်တွင် @jjalynyn အမည်ရှိ အကောင့်က “မောင်လေးက ဆောက်လုပ်ရေးလုပ်သားတွေ အတွက် အအေးတွေဝယ်ပြီး လိုက်ပေးခဲ့ပါတယ်။ နေပူကြီးထဲမှာ အလုပ်လုပ်နေရတာ စိတ်မကောင်းလို့ပါ” ဟု caption ရေးသားကာ ဖေဖော်ဝါရီ ၁၅ ရက်က မျှဝေခဲ့ခြင်း ဖြစ်သည်။

အအေးဝယ်တိုက်သော ကလေး၏ အမည်မှာ ဂျက်ကော့ဘ်ဖြစ်ပြီး ၁၃ နှစ်သားဖြစ်ကာ ဗွီဒီယိုရိုက်ကူးပေးသူမှာ သူ၏အစ်မ ဂျာလင်းဖြစ်ပြီး ၁၈ နှစ်အရွယ် ဖြစ်သည်။

(ဓာတ်ပုံ-TikTok)

ဂျက်ကော့ဘ်က အအေးဘူးများအပြည့်ပါသော အိတ်တစ်လုံးကိုဆွဲကာ သွားနေချိန်တွင် ဂျာလင်းက နောက်မှ ကပ်လျက် လိုက်ပါခဲ့သည်။

ဂျက်ကော့ဘ်ပထမဆုံးသွားသည့်နေရာမှာ လမ်းပိတ်နေသည့် လူကူးမျဉ်းကြားနေရာတွင် လမ်းရှင်းပေးနေသော ဆောက်လုပ်ရေးလုပ်သားတစ်ဦးထံ ဖြစ်သည်။

“ဦးလေး…. ခုလို ပင်ပင်ပန်းပန်းကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ ရာသီဥတု အရမ်းပူတယ်နော်”ဟု ပြောရင်း 100 Plus အအေးတစ်ဘူး ကမ်းပေးခဲ့သည်။

ဆောက်လုပ်ရေးလုပ်သားက ပြုံးရင်း ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

(ဓာတ်ပုံ-TikTok)

ထို့နောက် ဂျက်ကော့ဘ်သည် အခြားအလုပ်သမားတစ်ဦးထံ သွားရောက်ကာ Pocari Sweat ၂ ဘူးနှင့် 100 Plus တစ်ဘူး ပေးခဲ့သည်။

(ဓာတ်ပုံ-TikTok)

ထို့နောက် အနီးရှိ အမိုးမိုးထားသော နေရာတစ်ခုသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာတွင် အလုပ်သမား ၅ ဦး ဝိုင်းဖွဲ့ကာ နေ့လည်စာ စားနေကြသည်။ ဂျက်ကော့ဘ်က နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက်ရင်း အအေးဘူးများ ကမ်းပေးခဲ့ပြန်သည်။

(ဓာတ်ပုံ-TikTok)

အလုပ်သမားများက ကျေးဇူးတင်ကြောင်းပြောကာ လက်ပြ နှုတ်ဆက်ကြသည်။

အဆိုပါ ဗွီဒီယိုကို ဂျက်ကော့ဘ်က လက်မထောင်ရင်း ပြုံးပြနေပုံဖြင့် အဆုံးသတ်ထားပြီး ကျေးဇူးတင်ပါတယ် ဦးလေးတို့ဟု Caption ရေးသားထားသည်။

(ဓာတ်ပုံ-TikTok)

ဂျာလင်းက ပြောပြသည်မှာ သူ၏ မောင်လေးသည် အန်ပေါင်းရသော ပိုက်ဆံများကို တစ်ချိန်ချိန်တွင် အခြားသူတို့အား ပေးလှူရန်အတွက် သိမ်းထားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Boy uses own ang bao money to buy drinks for construction workers toiling under hot S’pore sun, wins netizens’ hearts

Photo Credit-TikTok

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...

[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service