အီးယူအပါအ၀င် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နိုင်ငံ၏ အကျိုးအမြတ်ရှိ၊ မရှိ အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုတော့မည်

အီးယူအပါအ၀င် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နိုင်ငံ၏ အကျိုးအမြတ်ရှိ၊ မရှိ အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုတော့မည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2017 9:47 am တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး
နောင်လာမည့် ကာလများတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (အီးယူ) အပါအ၀င် ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများကို နိုင်ငံ၏ အကျိုးအမြတ် ရှိ၊ မရှိ အသေးစိတ်စိစစ်ပြီးမှသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဇွန်လ ၈ ရက်နေ့က ပြုလုပ်သည့် Myanmar- EU စီး ပွားရေးဖိုရမ်၌ ပြောကြားလိုက်သည်။

“ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတယ်ဆိုတာ သူတို့( ပြည်ပကုမ္ပဏီ )အကျိုးအြ မတ် ရှိလို့လာတာပဲ၊ အဲ့ဒီအတွက် ဒီဘက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်က ဆွေးနွေးတဲ့ အခါကျရင်လည်း ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ပတ်ဝန်း ကျင်အတွက် ဘာတွေ အကျိုးအမြတ်ကျန်မှာလဲဆိုတာ ကြည့်ပြီးမှ ဒါတွေကို ဆုံးဖြတ်မှာပါ၊ လုပ်ငန်းတစ်ခုချင်းအပေါ်မှာပဲ ကြည့်ပြီးဆုံးဖြတ်မှာပါ”ဟု ၄င်း က ပြောသည်။

မြန်မာနိုင်ငံတွင် အမှန်တကယ် လုပ်ကိုင်နိုင်သည့် ကုမ္ပဏီများကိုသာ ရင်းနှီြး မှုပ်နှံခွင့်ပြုသွားမည်ဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ေ စမည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမူ ခွင့်မပြုကြောင်း ဦးတိုးအောင်မြင့်က ဆိုသည်။

“အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေကို ထောက်ပံ့မယ့် လုပ်ငန်း မျိုးတွေ၊ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လုပ်ငန်းမျိုးတွေ၊ အလုပ်သမား များများစား စား လုပ်ကိုင်ခွင့်ရမယ့် လုပ်ငန်းမျိုးတွေ၊ နောက်ပြီး မဖွံ့ဖြိုးသေးတဲ့ ဒေသေ တွမှာ လုပ်မယ့် လုပ်ငန်းမျိုးတွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲနှမ်း ကုန်သည်များအသင်းတို့ ပူးပေါင်းပြီး ပဲတီစိမ်းကို ပဲပင်ပေါက်ဖောက်ကာ အီးယူသို့ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်ထိ ဈေးကွက် တစ်ခုအေ နဖြင့် တင်ပို့လျက်ရှိသည်။

အီးယူသို့ ကုန်ပစ္စည်းအမျိုးအမယ်အသစ်များ တင်ပို့ရန်အတွက် အီးယူအ ဆင့်အတန်းမီရမည့် ပစ္စည်းမျိုးဖြစ်ရန် လိုအပ်ပြီးလက်ရှိတွင် ရေထွက်ပစ္စည်း၊ အထည်၊ ပဲနှင့် ဆန်ကွဲများကို အဓိကထား တင်ပို့နေရသည်။

“ဒီပစ္စည်းတွေအပြင် သစ်သီးဝလံတွေကို ထပ်ပို့ဖို့အတွက်လည်း လိုပါတယ်၊ ပစ္စည်းကတော့ ရှိတယ်၊ အဲ့ဒီပစ္စည်းက သူတို့လိုချင်တဲ့ အရည်အသွေးကို ကျွန်တော်တို့ မရောက်သေးပါဘူး၊ အရေးကြီးတာက အီးယူကိုပို့မယ်ဆိုရင် အီးယူအဆင့်ကို မီရပါမယ် ”ဟု အမြဲတမ်းအတွင်းဝန်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူများကို အီးယူရှိ ကျွမ်းကျင် ပ ညာရှင်များနှင့် EuroCham မှ အဖွဲ့များ ပူးပေါင်းပြီး အီးယူအဆင့်အတန်း မီစေရန် ထုတ်လုပ်ပြီးမှသာ တင်ပို့ရမည်ဖြစ်ကြောင်းနှင့် ထိုသို့ တင်ပို့ရန် အတွက်လည်း ဈေးကွက်များ ချိတ်ဆက်ထားပြီးဖြစ်ကြောင်း ၄င်းက ဆိုသည်။

“အရေအတွက် များများပို့ဖို့အတွက်ဆိုရင်တော့ ထုတ်လုပ်တဲ့ သူတွေကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့အတွက် အများကြီးလိုပါတယ်”ဟု ဦးတိုးေ အာင်မြင့်က ပြောသည်။

ယခုပြုလုပ်ခဲ့သော Myanmar- EU စီးပွားရေးဖိုရမ်သည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတိုးမြှင့်စေရေန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon Musk ပေးပို့လာသည့်စာကို တရားရုံးတွင် တင်ပြ...

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang Min-Kyung လည်ပတ်အိပ်စက်ခဲ့ရာ ပရိသတ်များမှာ ဆောင်းဟေကို၏ စံအိမ်အတွင်းပိုင်းမြင်ကွင်းများ ပထမဆုံးအကြိမ်အဖြစ်...

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်...

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service