ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang Min-Kyung လည်ပတ်အိပ်စက်ခဲ့ရာ ပရိသတ်များမှာ ဆောင်းဟေကို၏ စံအိမ်အတွင်းပိုင်းမြင်ကွင်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ခွင့်ရခဲ့ကြ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang Min-Kyung လည်ပတ်အိပ်စက်ခဲ့ရာ ပရိသတ်များမှာ ဆောင်းဟေကို၏ စံအိမ်အတွင်းပိုင်းမြင်ကွင်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ခွင့်ရခဲ့ကြ - Property News in Myanmar from iMyanmarHouse.com
17 Feb 2025 9:35 am တွင် တင်ခဲ့သည်
3180 ကြိမ် ကြည့်ရှု့ပြီး

((မူရင်းသတင်းရေးသားသူမှာ Xports News သတင်းဌာနမှ သတင်းထောက် Kim Ye-eun ဖြစ်သည်))

ကိုရီးယားရုပ်ရှင်ကြယ်ပွင့် ဆောင်းဟေကို၏ စံအိမ်အတွင်းပိုင်းမြင်ကွင်းများကို ပရိသတ်များ ပထမဆုံးအကြိမ် တွေ့ခွင့်ရလာသည်။

Davichi ဟူသော ၂ ယောက်တွဲ ဂီတ Duo မှ အဆိုတော်/ ရုပ်ရှင်မင်းသမီး Kang Minkyung က ဆောင်းဟေကို၏ စံအိမ်သို့ အလည်အပတ်သွားကာ ညအိပ်ခဲ့ခြင်း ဖြစ်သည်။

Kang Minkyung က ဆောင်းဟေကို၏ စံအိမ်တွင်း ဗွီဒီယိုဖိုင်ရိုက်ကူးကာ သူ၏ YouTube ချန်နယ်ဖြစ်သော ………………….တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၆ ရက်က လွှင့်တင်ခဲ့သည်။

အဆိုပါဗွီဒီယိုကို Kang MinKyung က “Part 2! Not Me, Song Hye-kyo’s Vlog” ဟု အမည်ပေးထားသည်။

ဆောင်းဟေကို၏ နေ့စဉ်နေထိုင်ဖြတ်သန်းသည့်ဘဝကို သဘာဝအတိုင်းရိုက်ကူး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

Minkyung ၏ ဗွီဒီယိုတွင် ရိုက်ကူးဖော်ပြထားမှုအရ ဆောင်းဟေကိုနှင့် Minkyung တို့သည် အသားကင်ဆိုင်တစ်ခုသို့ သွားခဲ့ကြပြီး အတူတကွ သောက်စားကြပြီးနောက် ဆောင်းဟေကို၏ အိမ်သို့ ပြန်လာကြသည်ကို တွေ့ရသည်။

အိမ်သို့ ရောက်ချိန်တွင် ဆောင်းဟေကို၏ ချစ်ရသော သမီးလေးဖြစ်သူ ရူဘီအမည်ရှိ ခွေးမလေးက စောင့်ကြိုနေသည်။

ဆောင်းဟေကိုက သမီးလေး ရူဘီကို ရေချိုးပေး၏။

ထို့နောက် ဆောင်းဟေကိုနှင့် Minkyung တို့နှစ်ဦး ညစာစားခန်းထဲတွင် ဝိုင်ထပ်သောက်ကြပြန်သည်။

ဝိုင်သောက်ပြီးသောအခါ အိပ်ခန်းထဲတွင် အိပ်စက်ရန် ပြင်ဆင်ကြသည်။

ယင်းနောက် သွားတိုက်၊ မျက်နှာသစ်ကြချိန်တွင် ဆောင်းဟေကိုက အရွှန်းဖောက်သည်။

“ဒီမြင်ကွင်းကို တစ်ယောက်ယောက်သာတွေ့သွားရင် တို့နှစ်ယောက်တွဲနေပြီလို့ ထင်သွားလိမ့်မယ်” ဟု ဆောင်းဟေကိုက ရယ်မောရင်း ပြော၏။

ဆောင်းဟေကိုက Minkyung အား တန်ဖိုးကြီး skincare ထုတ်ကုန်များ ပေးရာ “နင် ဒါတွေ အများကြီးလိမ်းတာလား ။ ဒါတွေက ဈေးအရမ်းကြီးတယ်မဟုတ်ဘူးလား” ဟု Minkyung က တအံ့တသြ ဆိုသည်။

ထိုနောက်တွင် Minkyung သည် ပထမထပ်သို့ ဆင်းလာကာ ဆောင်းဟေကို၏ ခွေးမလေး ရူဘီနှင့် အချိန်ဖြုန်း၏။

လှေကားဘေးရှိ ကျယ်ပြောသော ကွက်လပ်ကို ဗွီဒီယိုဖိုင်ကြည့်ရှုရသူတိုင်း စိတ်ဝင်စားကြသည်။

နောက်ပိုင်းတွင် ဆောင်းဟေကိုတို့နှစ်ဦးသည် ညစာစားခန်းတွင် အစားအစာမှာယူစားသောက်ခဲ့ကြပြီး ၁ ညအိပ် ၂ ရက်ဗွီဒီယိုမှတ်တမ်းကို အဆုံးသတ်လိုက်ကြသည်။

ယခုဗွီဒီယိုမှတ်တမ်းမှာ ဆောင်းဟေကို၏ နေအိမ်တွင်းမြင်ကွင်းများကို ပရိသတ်များ ပထမဆုံး တွေ့မြင်ခွင့်ရ ကြခြင်းလည်း ဖြစ်သည်။

ဆောင်းဟေကို၏ နေအိမ်မှာ ပြီးခဲ့သော ၂၀၂၄ ခုနှစ်ကမှ ဆောက်လုပ်ခဲ့သည့် အိမ်သစ်ဖြစ်ပြီး ဆိုးလ်၏ လူကုံထံရပ်ကွက်ဖြစ်သော Samsung-dong တွင် တည်ရှိသည်။

ဆောင်းဟေကိုက ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့ချိန်က ယခင်အိမ်ဟောင်းတစ်လုံး ပါသည်။

အဆိုပါအိမ်ကို ၂၀၂၂ ခုနှစ်တွင် ဖြိုချလိုက်ပြီး အသစ်ပြန်လည်ဆောက်လုပ်ခဲ့ရာ ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ မေလတွင် ပြီးစီးခဲ့သည်။

ထိုအချိန်ကတည်းက အဆိုပါနေအိမ်တွင် ဆောင်းဟေကို နေထိုင်နေခြင်း ဖြစ်သည်။ ဆောင်းဟေကို၏အိမ်တွင် မြေအောက် ၁ ထပ်နှင့် မြေပေါ် ၂ ထပ် ပါဝင်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Song Hye-kyo’s House, Where She Lives with Her Daughter, Revealed for the First Time… Single-Family Home in Samsung-dong’s Wealthy Neighborhood Draws Attention

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service