ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
တောက်ပသည့် အဝါရောင် သတ္တုဖြစ်သော ရွှေကို လက်ဝတ်ရတနာ၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုများအဖြစ် လူ့သမိုင်းတလျှောက် တန်ဖိုးထားခဲ့ကြသည်။
ကမ္ဘာ့ရှယ်ယာဈေးကွက်အတက်အကျအပြောင်းအလဲများအကြား ရွှေဈေးမှာ တရိပ်ရိပ်သာ တက်လျက်ရှိရာ ရွှေကို ရင်းနှီးမြှုပ်နှံသူတို့ စိတ်ဝင်စားမှု မြင့်တက်လာနေခြင်းကို ပြသနေသည်။
တရုတ်တွင် မကြာသေးမီက တန်ချိန် ၁၀၀၀ ရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး ရှာဖွေတွေ့ရှိခဲ့ပြီး တန်ကြေးအားဖြင့် ယူရို ၇၈ ဘီလီယံ (ယွမ် ၆၀၀ ဘီလီယံ) ရှိသည်။
လူ့သမိုင်းတွင် အကြီးမားဆုံး ရှာဖွေတွေ့ရှိမှုများ၌ ပါဝင်ပြီး ကမ္ဘာ့ရွှေဈေးကွက်ကို လှုပ်ခါ သွားစေနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု မောင်းနှင် ပေးနိုင်ဖွယ်ရာ ရှိသည်။
ရွှေသိုက်ကြီး တွေ့ရှိခဲ့သည့်နေရာမှာ တရုတ်ပြည်၊ ဟူနန်ပြည်နယ်၊ ပင်ကျန်းခရိုင်တွင် ဖြစ်သည်။
သတင်းများအရ Wangu ရွှေကွင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြေအောက် မီတာ ၂၀၀၀ အနက်တွင် ရွှေကြောပေါင်း ၄၀ ကျော် တည်ရှိနေသည်ကို ဘူမိဗေဒပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့သည်။
ကနဦးတွင် ခန့်မှန်းခဲ့သည်မှာ အဆိုပါ ရွှေကြောများ၌ ရွှေမက်ထရစ်တန်ချိန် ၃၀၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။
သို့သော် မီတာ ၃၀၀၀ အနက်အထိ ပိုမို နက်ရှိုင်းစွာ တူးဖော်ကြည့်ရာတွင် ပိုမိုများပြားသော ရွှေများ ထပ်မံ တွေ့ရှိခဲ့ရာ စုစုပေါင်း မက်ထရစ်တန်ချိန် ၁၀၀၀ ကျော် ရှိနေသည်ကို တွေ့ရှိခဲ့သည်။
ဘူမိဗေဒပညာရှင် Chen Rulin က ပြောသည်မှာ ယခုတွေ့ရှိမှုမှာ ထူးခြားသော ဖြစ်ရပ်ဖြစ်ကြောင်း နမူနာ တူးဖော်ထားသော ကျောက်များတွင် ရွှေများကို အတိုင်းသား မြင်ရကြောင်း ပြောသည်။
အချို့သော ကျောက်ရိုင်းနမူနာတို့တွင် မက်ထရစ် ၁ တန်လျှင် ရွှေ ၁၃၈ ဂရမ်အထိ ပါဝင်နေသည်ကို တွေ့ရရာ ရွှေပါဝင်မှုနှုန်း အလွန်မြင့်မားပြီး မျက်မှောက်ခေတ် သတ္တုတူးဖော်ရေးသမိုင်းတွင် မက်လောက်ဖွယ်အကောင်းဆုံး ရွှေသိုက်ဖြစ်လာသည်။
ထိုသို့ ကြီးမားသည့် ရွှေသိုက်ကြီး တွေ့ရှိလာသောကြောင့် ဟူနန်ပြည်နယ်တွင် ကမ္ဘာ့ရွှေလုပ်ငန်းနယ်ပယ်တွင် အချက်အခြာ နေရာတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။
ယခုရွှေကြောကြီးကြောင့် အလုပ်အကိုင် နေရာများစွာလည်း ဖန်တီးပေးနိုင်မည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World’s largest gold reserve worth Rs 7095771696000 discovered in…., the deposit lies within…