ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများ တိုက်ခန်းပိုင်ဆိုင်ခွင့်ရရန် စီစဉ်

ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများ တိုက်ခန်းပိုင်ဆိုင်ခွင့်ရရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
12 Jun 2017 9:45 am တွင် တင်ခဲ့သည်
3215 ကြိမ် ကြည့်ရှု့ပြီး
တစ်လလျှင် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသည့် မိသားစုများကို နေအိမ်၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်ရရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)၊ အိမ်ရာချေးငွေဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးတင့်က ပြောကြားသည်။

CHDB ဘဏ်၏ အိမ်ရာစုဆောင်း ငွေစာရင်းတွင် အိမ်တန်ဖိုး ၃၀ ရာခိုင်နှုန်း ပြည့်မီသူများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဖော်ထုတ်သော တိုက်ခန်းများ ဝယ်ယူခွင့်ရရန် ဆောင်ရွက်ပေးနေပြီး ဝင်ငွေနည်း မိသားစုများ အထူးသဖြင့် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများကို အိမ်ပိုင်ဆိုင်ခွင့် လက်လှမ်းမီရန် စီစဉ်နေသည်ဟု ၎င်းက ဆိုသည်။

“သုံးသိန်းအောက် ဝင်ငွေရှိသူတွေ အတွက် ဘယ်လိုစဉ်းစားမလဲဆိုတဲ့ အချက်ကို တာဝန်ရှိသူတွေ၊ ဘဏ်တွေက စဉ်းစားနေတယ်။ ဝင်ငွေသုံးသိန်းအောက် Level တွေကို ထိရောက်အောင် လုပ်ပေးမှသာ ဝင်ငွေနည်း ပြည်သူတွေအတွက် ထိရောက်မှုရှိတဲ့ အစီအစဉ်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရန် နိုင်ငံတော်ချေးငွေနှင့် နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေများရရန် ညှိနှိုင်းနေပြီး ယင်းလုပ်ငန်းစဉ်များ အဆင်ပြေလျှင် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများကိုပါ ချေးငွေပေးနိုင်မည် ဖြစ်သည်။

CHDB ဘဏ်သည် အိမ်ရာ၊ တိုက်ခန်းများ ဝယ်ခွင့်ရရန် ယင်းဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်ထားသူများကို နှစ်ရှည်ချေးငွေထုတ်ပြီး ယင်းချေးငွေကို ဆယ်နှစ်အတွင်း လစဉ်အရစ်ကျ ပေးဆပ်ရသည်။ ကျပ်သိန်း ၁၀ဝ တန် တိုက်ခန်းဝယ်ယူလျှင် (စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း) ကျပ်သိန်းသုံးဆယ်ကို ဘဏ်တွင်စုဆောင်းထားသဖြင့် ကျန်ကျပ်သိန်း ၇၀ ကို ဘဏ်က ချေးပေးထားသည်။ အရစ်ကျပေးချေးမှုသည် တစ်လလျှင် တစ်သိန်းနှုန်း ဆယ်နှစ်ခန့် ဖြစ်သည်။

ထို့ကြောင့် တစ်လလျှင် ကျပ်သုံးသိန်း ဝင်ငွေရှိသူများသာ လက်လှမ်းမီသည့် သဘောဖြစ်ပြီး ယင်းဝင်ငွေအောက် လျော့နည်းသော မိသားစုများအတွက် စုဆောင်း ငွေ ၂၀ ရာခိုင်နှုန်း၊ ချေးငွေပြန်ဆပ်ကာလ နှစ် ၂၀ အထိ တိုးမြှင့်ရန် စီစဉ်နေကြောင်း CHDB ဘဏ်ထံမှ သိရသည်။

သို့ဆိုလျှင် စုဆောင်းငွေ သိန်းနှစ်ဆယ်၊ အရစ်ကျပေးဆပ်ငွေ တစ်လလျှင် ၆ သောင်း သို့မဟုတ် ၇ သောင်း ပေးသွင်းလျှင် တိုက်ခန်းဝယ်နိုင်သည်။

လက်ရှိတွင် လူဦးရေ ၁၄၀ဝ ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်သော တိုက်ခန်းများ ဝယ်ယူခွင့်ရရန် ချေးငွေထုတ်ပေးထားပြီး စုစုပေါင်း ကျပ် ၁၀ ဘီလီယံခန့် ရှိသည်။

ယင်းဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားသူ စုစုပေါင်း
၁၇၀ဝ၀ ကျော် ရှိသည်။ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် လမည့်နှစ်အတွင်း နေအိမ်ပေါင်း ၈၀ဝ၀ ကျော်ဖော်ထုတ်ရန် စီစဉ်ထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon Musk ပေးပို့လာသည့်စာကို တရားရုံးတွင် တင်ပြ...

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang Min-Kyung လည်ပတ်အိပ်စက်ခဲ့ရာ ပရိသတ်များမှာ ဆောင်းဟေကို၏ စံအိမ်အတွင်းပိုင်းမြင်ကွင်းများ ပထမဆုံးအကြိမ်အဖြစ်...

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်...

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service