မြို့သစ်တွေမှာ တန်ဖိုးနည်းအိမ်ရာဖော်ထုတ်ရောင်းချမှုတွေ အစိုးရသစ် လက်ထက်မှာ ပိုမိုလုပ်ဆောင်နေပေမဲ့ အိမ်အငှားဈေးနှုန်းတွေကတော့ ယခု ချိန်အထိ ကျင်းခြင်းမရှိသေးလို့ သိရပါတယ်။
မြို့သစ်တွေနဲ့ ရန်ကုန်မြို့စွန်မြို့နယ်တွေမှာ အစိုးရက တန်ဖိုးနည်းအိမ်ရာေ သာင်းနဲ့ချီပြီး ရောင်းချခဲ့ပေမဲ့ မြို့တွင်းမြို့နယ်တွေက အိမ်အငှားဈေးကွက်တွေ အပေါ် အကျိုးသက်ရောက်မှု မရှိဘဲ အိမ်အငှားဈေးနှုန်းက အရင်ကထက်ေ ဈးတက်နေတာကိုတွေ့ရပါတ်ယ။
မြို့တွင်းဧရိယာတွေထက်မြို့တွင်းနဲ့နီးတဲ့မြို့နယ်တွေမှာ ရုံးခန်းအငှားဈေး ကွက် ပိုပြီးကောင်းနေတယ်လို့ သိရပါတယ်။ အငှားဈေးကွက်က ရုံးခန်းတွေ အဖွင့်များတဲ့ မြို့တွင်းခြောက်မြို့နယ်မှာပဲ ကောင်းမွန်တာ မဟုတ်ပါဘူး။ြေ မဈေးအရမ်းကြီးမြင့်ပြီး မြို့ထဲဧရိယာ တွေထက် မြို့တည်နှစ်ကြာနေပြီး စည် ကားနေတဲ့ ရန်ကင်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်း ကုန်းတို့လို မြို့နယ်တွေမှာလည်း အငှားဈေးကွက်ကောင်းမွန်နေပါတယ်။ ငှား တဲ့ သူတွေက များပြီး ငှားခတွေကလည်း အမြင့်ပိုင်းမှာရှိနေပါတယ်။
အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေ ဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေဖို့ ဆောင်ရွက်လာတဲ့အတွက် ရန်ကင်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စတဲ့မြို့နယ်တွေအပြင် ဒဂုံမြို့ နယ် တွေဖြစ်တဲ့ ဒဂုံလေးမြို့နယ်က အဓိကလမ်းမတန်းတွေရဲ့ အဆောက်အ အုံ ငှားရမ်းတဲ့ ဈေးကွက်လည်းကောင်းမွန်နေတယ်လို့ ရှိုင်းအိမ်ခြံမြေအ ကျိုးဆောင် ကိုအောင်သူရကပြောပါတယ်။
မြို့ထဲဧရိယာတွေသာမက တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ သန်လျင်မြို့ နယ်တွေမှာ အိမ်အငှားဈေးကွက် ကောင်းမွန်နေဆဲပါပဲ။ မြို့သစ်တွေက အေ ကာင်အထည်ဖော်တာ အခုမှ အစပိုင်းလောက်ပဲရှိသေးပြီး အလုပ်အကိုင် အ ခွင့်အလမ်းကောင်းမွန်တဲ့မြို့နယ်တွေမှာပဲ နေထိုင်လိုကြတာကြောင့် အငှားေ ဈးကွက်ကောင်းမွန်နေတာဖြစ်ပါတယ်။
Credit: The Modern