ရန်ကုန်မြို့ရဲ့အရှေ့ဘက် လှိုင်မြစ်ကမ်းအနီးမှာ တည်ရှိတဲ့ Spring Line ကွန်ဒိုကို ပြပွဲနှစ်ရက်ပြုလုပ်ရောင်းချသွားမှာဖြစ်ပြီး ပွဲအတွင်း ပထမဆုံး ဝယ် ယူသူ ၁၅ ဦးကို တစ်ယောက်ကို ကျပ် သိန်း ၅၀၀ စီ လျှော့ပြီး ရောင်းချပေး သွားမယ်လို့ သိရပါတယ် ။
Spring Line ကွန်ဒိုရဲ့ လက်ရှိဆောက်လုပ်ပြီးစီးမှုက ၈၀ ရာခိုင်နှုန်းရှိနေပြီး ၂၀၁၈ ခုနှစ်အောက်တိုဘာလမှာ နေထိုင်နိုင်မှာ ဖြစ်ပါတယ် ။ အခန်းအကျ ယ်ကတော့ စတုရန်းပေ ၈၀၀ ကနေစပြီး စတုရန်းပေ ၁၅၀၀ အကျယ်အ ဝန်းတွေ ရှိပါတယ် ။ ဈေးနှုန်းကတော့ ကျပ်သိန်း ၂၀၀၀ ကျော်ကနေ သိန်း ၄၀၀၀ လောက်အထိ ရှိပါတယ် ။ သားစဉ်မြေးဆက် ရာသက်ပန် ပိုင်ဆိုင်နိုင် မယ့် ဘိုးဘွားပိင်မြေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ် ။
iMyanmarHouse မှ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ‘ကျွန်တော် တိြု့ ပပွဲ နှစ်ရက်ပြုလုပ်ပါတယ် ၊ အဲဒီပြပွဲအတွင်းကို လာပြီး ပထမဆုံးဝယ်ယူသူ ၁၅ ဦးကို တစ်ယောက်စီ သိန်း ၅၀၀ အထိ Discount လျှော့ပေးမယ် ၊ ဝယ် ယူသူတွေအနေနဲ့ အတိုးမဲ့ ၄၆ လ အရစ်ကျ ပေးသွင်းနိုင်ပါတယ် ၊ ပြပွဲအ တွင်း ကျပ် ၁၀ သိန်းနဲ့ Booking ပြုလုပ်နိုင်မယ် ၊ ပြီးတော့ ဝယ်ယူသူတွေ အနေနဲ့ ၅၀ ရာခိုင်နှုန်း ပေးချေပြီးတာနဲ့ နေထိုင်ခွင့်ပေးမယ် ၊ ကျန် ၅၀ ရာ ခိုင်နှုန်းကိုတော့ နေရင်းလစဉ်ဆက်သွင်းသွားနိုင်ပါတယ်’ လို့ ပြောပါတယ် ။
Spring Line ကွန်ဒိုက အမှတ် ၄၆၁ ၊ လှိုင်မြစ်ဘေး ၊ ကမ်းနားအလယ်ရပ် ကွက် ၊ အင်းစိန်မြို့နယ် ပေါက်တောဝမီးပွိုင့်အနီးမှာ တည်ရှိပြီးတော့ စင်ကာ ပူနိုင်ငံ KTP Design ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထားပြီး ၂၄ ထပ်မှာ ခေတ်မီတဲ့ SOHO လူနေအိမ်ခန်းတွေ ၊ ရုံးခန်းတွေနဲ့ ဟိုတယ်တွေ ပါဝင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် စီမံကိန်းရဲ့ ထူးခြားချက်က သီးသန့်ပါဝါစတေရှင် အပိုတပ်ဆင်ထား တာကြောင့် လုံလောက်တဲ့ လျှပ်စစ်စွမ်းအင်ကို ၂၄ နာရီ အပြည့်ရရှိမှာဖြစ် ပါတယ် ။
ပါဝင်တဲ့ Facilities တွေကတော့ အိမ်ခန်းနဲ့ ရုံးခန်းအဖြစ် နှစ်မျိုးအသုံးပြုနိုင်တဲ့ SoHo အခန်းတွေ ၊ ရုံးခန်းတွေ ၊ ဈေးဝယ်စင်တာတွေ ၊ ခေတ်မီဟိုတယ်တွေ ၊ စီးပွားရေးဆိုင်ရာ အသုံးပြုနိုင်တဲ့ Facilities တွေ ၊ ရေကူးကန် ၊ အဆင့်မြင့် စားသောက်ဆိုင်တွေ ၊ ကားပါကင် ၊ အားကစားခန်းမတွေ ပါရှိပါတယ် ။ ဒါ့အြ ပင် ကွန်ဒိုအနီးမှာ ဘုရင့်နောင်ပွဲရုံ ၊ အောင်ဇေယျတံတား ၊ လှိုင်မြစ်ကမ်း ၊ အက်ဖ်အမ်အိုင်စီးတီး ၊ Myanmar Goft Course , Pan Hlaing Goft , အြ ပည်ပြည်ဆိုင်ရာ လေဆိပ်တို့ ရှိပါတယ် ။
Spring Line ကွန်ဒိုအရောင်းပြပွဲကို ဇွန်လ ၁၀ ရက်နဲ့ ၁၁ ရက်မှာ မနက် ၉:၀၀ နာရီကနေ ညနေ ၅:၀၀ နာရီအထိ Spring Line စီမံကိန်းတည်ရှိတဲ့ အမှတ် ၄၆၁ လှိုင်မြစ်လမ်း ၊ အင်းစိန်ပေါက်တောဝ မှတ်တိုင်အနီး မှာ ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ် ။
Credit: The Modern