အငှားအိမ်ငှားရမ်းခြင်းလုပ်ငန်းလိုင်စင်ပြုလုပ်ဖို့လျှောက်လွှာဝယ်ယူသူ ၄၀၀ ခန့်ရှိပေမဲ့ စိစစ်ဆဲဖြစ်လို့ လိုင်စင်ချမပေးရသေးပါဘူး။
အငှားအိမ်ငှားရမ်းတဲ့လုပ်ငန်းတွေ လုပ်ငန်းလိုင်စင်ကို ၂၀၁၇-၂၀၁၈ ဘ ဏ္ဍာနှစ်မှာ စတင်ပါတယ်။ ဧပြီလကနေ ဇွန်လအထိကိုတော့ ပညာပေးကာ လအဖြစ် သတ်မှတ်ထားပါတယ်။
'အိမ်ရှင် အိမ်ငှားလျှောက်လွှာကတော့ နေ့တိုင်းပဲ ၀ယ်တဲ့သူရှိပါတယ်။ ပြန် ပြီးတော့ တင်ပြနိုင်တာတော့ မရှိသေးဘူး။ ဇွန်လအထိမှ မလျှောက်ရသေး ရင် ဘာမှ အရေးယူဖို့ မရှိသေးဘူး။ ဇွန်ပြီးတာနဲ့ မလျှောက်တာကို စစ်ဆေးေ တွ့ရှိရင် အရေးယူမှာပါ' လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန၊ ဌာနစုမှူး ဒေါ်ဝင်းမင်းသန့်က ပြောပါတယ်။
အိမ်ရှင်၊ အိမ်ငှားလိုင်စင်ဟာ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း လျှော က်ထားရမှာပါ။ လိုင်စင်မဲ့စစ်ဆေးတွေ့ရှိရင် စည်ပင်ဥပဒေအရ ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိဒဏ်ရိုက်နိုင်ပါတယ်။ ဒဏ်ရိုက်ပြီးလို့မှ ဆက် လက် မလုပ်ဆောင်ဘူးဆိုရင် တရားစွဲဆိုမှာပါ။
အငှားအိမ်ငှားပိုင်ခွင်လိုင်စင်ကို သတ်မှတ်လျှောက်လွှာနဲ့ လျှောက်ထားရ မြှာ ဖစ်တယ်။ လျှောက်လွှာနဲ့အတူ အိမ်ခြံမြေပိုင်ဆိုင်ကြောင်း အထောက်အထား စာချုပ်၊ ပိုင်ရှင်နဲ့ ငှားရမ်းသူတို့ချုပ်ဆိုထားတဲ့ စာချုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးေ ထာက်ခံစာ၊ လျှောက်ထားသူအိမ်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စုဇယား မိတ္တူ၊ ပတ်စပို့ ဓာတ်ပုံသုံးပုံတို့ လိုအပ်မှာဖြစ်ပါတယ်။
Credit: The Modern