တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း စစ်ကိုင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငြွေ ဖင့် မြို့နယ်(၅)ခုတွင် စနစ်ကျလယ်ယာမြေ ဧက(၅ဝဝ)ကို ဖော်ထုတ်ပေး သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
လက်ရှိသမရိုးကျ စိုက်ပျိုးလျက်ရှိသော လယ်ယာမြေများကို တစ်ဧကအကွက် များအဖြစ် ပြုပြင် ပြောင်းလဲ၍ လယ်ယာသုံး စက်ကိရိယာများဖြင့် စွမ်းအာြး ပည့်အသုံးပြု၍ အထွက်နှုန်းကောင်းမွန်သော သိပ္ပံ နည်းကျစိုက်ပျိုးရေး နည်း စနစ်များဖြင့် စိုက်ပျိုးကာ မျိုးကောင်းမျိုးသန့် စပါးမျိုးများထုတ်လုပ်နိုင်ပြီး ဝင်ငွေ များ ပိုမိုရရှိစေရန် ဖော်ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
''၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဖော်ဆောင်ပေးမဲ့ စနစ်ကျလယ်ယာ ဧက (၅ဝဝ) ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဖော်ဆောင်ပေးတာပါ၊ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်မှာလည်း မြို့နယ်(၄)ခုမှာ ဧက(၅ဝဝ)ကို ဖော်ဆောင်ေ ပးခဲ့ပါတယ် စနစ်ကျလယ်ယာ စိုက်ပျိုးခြင်းဖြင့် တောင်သူတွေ စိုက်ပျိုးတဲ့ စ ပါးတွေ အထွက်နှုန်း ကောင်းမွန်ခြင်း၊ လေ့လွင့်ဆုံးရှုံးမှုတွေ လျော့နည်းသွာြး ခင်း၊ စက်စွမ်းအားတွေကို စွမ်းအားပြည့်သုံးစွဲခွင့်ရတဲ့ အတွက် အချိန်မီ စိုက် ပျိုးနိုင်ခြင်း၊ လုပ်သားရှားပါးမှုကို ဖြေလျော့နိုင်ခြင်း၊ အချိန်မီရိတ် သိမ်းချွေေ လှ့နိုင်ခြင်း စတဲ့ အကျိုး ကျေးဇူး တွေကို ခံစားကြရမှာပါ''ဟု ဟု တိုင်းဒေ သကြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စနစ်ကျလယ်ယာမြေ ဖော်ထုတ် လုပ်ကိုင်ြ ခင်းကို ချောင်းဦး၊ အရာတော်၊ ရေဦး၊ ကသာမြို့နှင့် ကလေးမြို့များတွင် တစ် မြို့လျှင် ဧက(၁ဝဝ)နှုန်းဖြင့် စနစ်ကျ လယ်ယာများ ဖော်ထုတ် ပေးသွား မည် ဖြစ်ကြောင်း တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
Credit: MOI Webportal Myanmar