မြန်အောင်မြို့ မြို့ပေါ်ရပ်ကွက်များတွင် သက်တမ်းလွန်ဂရန်များအား သက် တမ်းတိုးလျောက်ထားရန်နှင့် မြေငှားဂရန် လျောက်ထားခြင်းမရှိသေးသူများ မြေငှားဂရန်လျောက်ထားရန် စည်းရုံးဟောပြောပွဲကို ဇွန် ၆ ရက်နေ့က မြန်ေ အာင်မြို့ အမှတ်(၄)ရပ်ကွက် ရန်နိုင်အေးဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေက မြေငှားဂရန် လျောက်ထားရာတွင် ပါရှိရမည့် လို အပ်သော အချက်အလက်များ၊ အထောက်အထားများနှင့် မြေငှား ဂရန်ေ လျာက် ထားရာ တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ခန့်မှန်းကြာမြင့် မည့် အချိန်ကာလတို့ကို ရပ်ကွက်နေ ပြည်သူများ သိရှိစေ ရန်ရှင်းလင်း ပြော ကြားသည်။ ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းထွန်းက မြေစာရင်း ဦးစီးဌာနတွင် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
တက်ရောက်လာသော ရပ်ကွက်နေပြည်သူများမှ မြေငှား ဂရန်လျောက်ထား ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားသို့ မြန်အောင်မြို့ အမှတ် (၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး ရာ အိမ်မှူးများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
Credit: MOI Webportal Myanmar