ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် စုေ ဆာင်းငွေစာရင်း ဖွင့်လှစ်ထား သူ ၁၆,၀၀၀ အထိ ရှိလာကြောင်း အဆိုပါ ဘဏ်မှ သတင်းရရှိသည်။
ငွေစာရင်းဖွင့်လှစ်ခြင်းကို ပြီး ခဲ့သည့် ၂၀၁၆ ဩဂုတ်က စတင်ခဲ့ ရာ စိတ်ဝင် စားသူများပြားပြီး စုဆောင်းသူ လစဉ်တိုးပွားလာသည်။
အိမ်ရာဝယ်ယူခွင့် ငွေစုစာ အုပ်အစီအစဉ် စတင်ခဲ့သည့် ၁၁ လအတွင်း ပုံမှန် ဝင်ငွေရှိသူကုမ္ပဏီ ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းအများ စုက ငွေစာရင်း ဖွင့် လှစ်ခြင်းဖြစ် သည်။
အထူးသဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနက ရောင်းချသည့် ကျပ် သိန်း ၁၀၀ ခန့် တန်ဖိုးနည်း အိမ်ရာများကို ဝယ်ယူလိုသူ အ များစုက လာရောက် စုဆောင်းခြင်း ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်ေ ဆာက်လုပ်ရေးဘဏ်တို့ ပူးပေါင်းကာ အရစ်ကျစနစ်ဖြင့် ရောင်းချနေသည့် ယုဇနဥယျာဉ် မြို့တော်အနီးနှင့် လှိုင်သာယာမြို့ နယ်တို့တွင် ဆောက်လုပ်ခဲ့ သည့် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးနည်း တိုက်ခန်းများ ဝယ်ယူခွင့်နှင့် သန် လျင်မြို့နယ်တွင် ဆက်လက်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ် ရာများ ဝယ် ယူခွင့်အတွက် အဆိုပါအိမ်ရာစုဆောင်းငွေစာရင်း လာရောက် ဖွင့်လှစ်ခြင်ြး ဖစ်သည်။
ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပါ က ငွေ ကျပ်တစ်သောင်းဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့် ရရန် စု ဆောင်းငွေသည် အိမ်တန်ဖိုး၏ ၃၀ရာခိုင်နှုန်းပြည့်မီရမည်ဖြစ်ေ ကြာင်း သတ်မှတ်ထားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်းတိုက်ခန်း များ ရောင်း ချ ရန် အစီအစဉ်ရှိလာပါက ငွေစာရင်းဖွင့်လှစ်ထားသူ များထဲမှ တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်း စုဆောင်းထားပြီးသူများကို စီနီယာအစဉ်လိုက် ရောင်းချေ န ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်၏ ဈေး ကွက်ဌာန လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနောင်က ရှင်းပြသည်။
လက်ရှိအချိန်အထိစုဆောင်းသူ ၁၆,၀၀၀ မှ ဦးရေ ၆၀၀ ကို အိမ်ရာဝယ်ယူ ရန် ချေးငွေထုတ်ချေး ထားပြီးဖြစ်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိတွင် ဝန်ကြီးဌာန က တည်ဆောက်နေ သည့် အိမ်ရာစီမံကိန်းများကို နှစ် ရှည်အစီအစဉ်ဖြင့်ေ ချးငွေထုတ် ချေးလျက်ရှိသည်။
မကြာမီ ပြင်ပတွင် ပုဂ္ဂလိက က ရောင်းချနေသည့် လူနေတိုက် ခန်း လုံးချင်း အိမ်အားလုံးကို ဘဏ်ချေးငွေဖြင့် ဝယ်ယူရန် ကူညီပေးမည့် အစီအစဉ် ဖော်ေ ဆာင်ရန် ရည်ရွယ်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သည် ချေးငွေ ကဏ္ဍစုံမှ ကျပ် ၁၃၀ ဘီလီယံ ကျော် ထုတ်ချေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက် လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်း၍ ၂၀၁၄ က စတင် တည်ထောင်ခဲ့သည်။
Credit: 7DayDaily