ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံများ၏ မြေဂရန်ငှားရမ်းမှု သက်တမ်းကို ရန် ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက စာချုပ်ထက် တစ်နှစ်ကျော် လွန် သက်တမ်းတိုးပေးမည်ဟု ပွဲရုံလုပ်ငန်းရှင်များထံ လာရောက် အသိပေး ထားပြီ ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်သာယာရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။
“မြေပိုင်ရှင်နဲ့ ဘယ်လိုသဘော တူညီထားလဲတော့ မသိဘူး။ မြေဂရန် ငှား ရမ်းခွင့် သက်တမ်းက ၂၀၂၁ ခုနှစ် ကုန်မယ်လို့ ပွဲရုံတွေဆီကို အကြောင်း ကြားတယ်။ ပုံမှန်စာချုပ်သက်တမ်းထက် တစ်နှစ်တိုးသွားတာပေါ့”ဟု ဘု ရင့်နောင် ကုန်စည်ဒိုင်၊ သာယာရေးနှင့် စည်းကမ်း ထိန်းသိမ်းေ ရး ကော်မ တီဥက္ကဋ္ဌ ဦးမြင့်ဦးက ဆိုသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဖွင့်လှစ်ထားသည့်ပွဲရုံများ၏ မြေနေရာ ၁၀၈ ဧကခန့်ကို တမ်မတော်ထံမှ ရန်ကုန် မြို့တော်စည်ပင်သာယာေ ရး ကော်မ တီက ၁၉၉၀ ပြည့်နှစ်တွင် နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းအသုံးပြုခဲ့ပြီး လက်ရှိ တွင် တပ်မတော်ဘက်က စာချုပ်သက်တမ်း တိုးရန် ငြင်းဆန်ထားခြင်းကြောင့် ပွဲရုံများမှာ ပြောင်းရွှေ့ပေးရရန် နီးစပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“နှစ်ရှည်စာချုပ်နဲ့ တပ်မတော်က ငှားရမ်းပေးဖို့ ပြည်ထောင်စု အဆင့်က လည်း ဆွေးနွေး တိုက်တွန်းသွားမယ် ပြောတယ်။ သက်ဆိုင်ရာ မြို့နယ် ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ်ဘက်ကလည်း လွှတ်တော်အစည်းအဝေးမှာ စီးပွားရေး အချက်အချာကျတဲ့ ဘုရင့်နောင်ပွဲရုံတန်းတွေ မပြောင်းရွှေ့ဖို့ေ ဆွးနွေးပါမယ်”ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် တပ်မတော်ထံ မှ နှစ်ရှည်စာချုပ်ဖြင့် ငှားရမ်းခဲ့သော အခွန်အခ နှုန်းထားကို မသိရှိရသော် လည်း ပွဲရုံပေါင်း တစ်ထောင်ကျော်အနေနှင့် မြို့တော်စည်ပင်သို့ နှစ်စဉ် အ ခွန်ဆောင်ပေးရသော ပမာဏမှာ ကျပ်သန်း ၂ ဘီလီယံကျော်ခန့် ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံလုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံလုပ်ငန်းရှင်များနှင့် ပတ်သက်၍ ဇွန်လ ၂ ရက်က မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသ ကြီးအဆင့် လွှတ်တော်ကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘုရင့်ေ နာင်ပွဲရုံများ မပြောင်းရွှေ့ရေး ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မေဝင်းမြင့်က ပြောကြားထားသည်။
“ဝန်ကြီးဌာနအဆင့်နဲ့ ညှိနှိုင်းပေးဖို့ တိုက်တွန်းမယ်။ အခြေတကျဖြစ်မှ ပြော င်းရွှေ့လိုက်ရရင် ပွဲရုံတွေ အကုန်လုံး အခြေပျက်ပြီး ရပ်တည်ဖို့ ခက်လာမယ်။ ကုန်စည်စီးဆင်းမှု ဈေးကွက်လည်း ပျက်ပြီ”ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပွဲရုံလုပ်ငန်းရှင် ဦးမျိုးဇော်သိန်းက ဆိုသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံ တစ်ထောင်ကျော်ကို ရွှေပြည်သာမြို့နယ်ရှိ ဝါးတရာစက်မှုဇုန်သို့ ပြောင်းရွှေ့ရန် တိုင်းအစိုးရအဖွဲ့က စီစဉ်ရခြင်းသည် တပ်မတော်နှင့် ညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် လစ်လပ်သည့် မြေနေ ရာများကို ထည့်သွင်း စဉ်းစားရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။
အစိုးရသစ်လက်ထက်တွင် ရန်ကုန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၌ မြို့တွင်း မြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းများ၊ ရန်ကုန်တောင်ပိုင်း ခရိုင် စီမံကိန်းများနှင့် ဝါးတရာ စက်မှုဇုန် စီမံကိန်းများကို ဖော်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရ သည်။
Credit: The Voice