ရန်ကုန်စတော့အိတ်ချိန်းက MAEX ကို STC ကောင်တာဖွင့်လှစ်ကာရှယ်ယာအရောင်းအ၀ယ်မပြုလုပ်ဖို့ တားမြစ်လိုက်ပြီးMAEX ဘက်က ရှယ်ယာအရောင်းအ၀ယ်ချိတ်ဆက်ပေးခြင်း မဆောင်ရွက်ဟု ပြန်လည်ကြေညာ

ရန်ကုန်စတော့အိတ်ချိန်းက MAEX ကို STC ကောင်တာဖွင့်လှစ်ကာရှယ်ယာအရောင်းအ၀ယ်မပြုလုပ်ဖို့ တားမြစ်လိုက်ပြီးMAEX ဘက်က ရှယ်ယာအရောင်းအ၀ယ်ချိတ်ဆက်ပေးခြင်း မဆောင်ရွက်ဟု ပြန်လည်ကြေညာ - Property News in Myanmar from iMyanmarHouse.com
7 Jun 2017 11:07 am တွင် တင်ခဲ့သည်
1251 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်စ်ချိန်း (YSX) က မြန်မာအက်ဂရိုအိတ်စ်ချိန်း (Myanmar Argo Exchange Public Limited -MAEX) ကိုMAEX-STC ကောင်တာ ဖွင့်လှစ်ကာ ရှယ်ယာအရောင်း
အ၀ယ်များ မပြုလုပ်ဖို့ ဇွန် ၅ ရက်က သတိပေးကြေညာချက်
ထုတ်ပြန်ကာ တားမြစ်လိုက်ပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အစုရှယ်ယာပိုင်ရှင်
မှတ်တမ်းမှာ အမည်လွှဲပြောင်းမှတ်ပုံတင်ပေးခြင်းမှ
လွဲပြီး စတော့အိတ်ချိန်းလုပ်ငန်းများနဲ့ အိုတီစီလုပ်ငန်းများ
ဖြစ်တဲ့ Secondary Trading လုပ်ငန်းများကို
လုပ်ပိုင်ခွင့်မရှိဘဲ MAEX-STC ကောင်တာဖွင့်ကာ
ရှယ်ယာအရောင်းအ၀ယ်များ ဆောင်ရွက်ပါက
ငွေချေးသက်သေခံ လက်မှတ်လဲလှယ်ရောင်းဝယ်ရေး
ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ အသိပေးခဲ့ပါတယ်။

ရန်ကုန်စတော့အိတ်စ်ချိန်းက သတိပေးကြေညာချက်ထုတ်ပြန်ပြီးနောက် MAEX ဘက်ကလည်း
ကြေညာချက်ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။MAEX က
အစုရှယ်ယာရှင်များရဲ့ အစုရှယ်ယာလွှဲပြောင်းခြင်း
ကိစ္စများ ဆောင်ရွက်ဖို့ အစုရှယ်ယာ အလွှဲအပြောင်းဝန်ဆောင်မှု
ကောင်တာ Share Transfer Service Counter
(MAEXSTC)ကိုဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုဖို့ငွေချေးသက်သေခံလက်မှတ်
လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ထံ တင်ပြလျှောက်ထားခဲ့ပါတယ်။

ငွေကြေးသက်သေခံ လတ်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရဲ့အကြောင်းပြန်ချက်အရ အစုရှယ်ယာရှင်တွေရဲ့
အစုရှယ်ယာလွှဲပြောင်းခြင်းကိစ္စတွေကို ဆောင်ရွက်ဖို့အတွက် MAEX-STC ကို ဇွန် ၆ ရက်မှဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

MAEX-STC ကို အစုရှယ်ယာရှင်တွေရဲ့ အစုရှယ်ယာအရောင်းအ၀ယ် ချိတ်ဆက်ပေးခြင်းကိစ္စများကို
ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာထည့်သွင်း ဖော်ပြထားပါတယ်။

ကုမ္ပဏီများအက်ဥပဒေနဲ့အညီ မိမိတို့ အစီအစဉ်နဲ့ ၀ယ်ယူရောင်းချထားသူတွေရဲ့ အစုရှယ်ာ လွှဲပြောင်းခြင်းစာချုပ်
တံဆိပ်ခေါင်းကပ်ခြင်းနဲ့ အစုရှယ်ယာလွှဲပြောင်းခြင်း၊ မှတ်ပုံတင်ခြင်း၊ သန်းခေါင်စာရင်းတူ အစုရှယ်ယာပိုင်ရှင်
အမည်ပြောင်းခြင်းအား မှတ်ပုံတင်ခြင်း၊ ကွယ်လွန်သူအစုရှယ်ယာရှင်
အမည်မှ တရားဝင် ဆက်ခံခွင့်ရှိသူ
အမည်ပြောင်းခြင်းအားမှတ်ပုံတင်ခြင်း၊ အစုရှယ်ယာ သက်သေခံလက်မှတ်ပျက်ဆီးပျောက်ဆုံးသဖြင့်
အသစ်ထပ်မံထုတ်ပေးရန်လျှောက်ထားခြင်းစတဲ့
ကိစ္စတွေကိုသာ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

MAEX ဇွန် ၂ ရက်ထုတ် သတင်းမီဒီယာများနဲ့ ဇွန် ၅ ၇က်မှာဆိုရှယ်မီဒီယာတွေကနေ အစုရှယ်ယာ
အလွှဲအပြောင်းကောင်တာ ဖွင့်လှစ်မှာ ဖြစ်ပြီး
အဆိုပါကောင်တာမှ တစ်ဆင့် ရှယ်ယာအရောင်းအ၀ယ်အဆိုပြုလွှာများ၊ လက်ခံခြင်း၊ အရောင်းအ၀ယ်ဖြစ်တဲ့ စာရင်းကို အတည်ပြုကြေညာခြင်း၊ရောင်းချလိုတဲ့ ရှယ်ယာလက်မှတ်တွေကို
လက်ခံကာ ၀ယ်ယူလိုတွေအနေနဲ့ ချိတ်ဆက်ရောင်းချပေးခြင်းလုပ်ငန်းများ လုပ်ဆောင်မယ်လို့ ကြေညာဖော်ပြခဲ့တာ
ဖြစ်ပါတယ်။

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေအရ ကောင်တာဈေးကွက် (သို့မဟုတ်)
စတော့အိတ်ချိန်းသဘောသက်ရောက်သောလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရ လို့ ဖော်ပြပါရှိပါတယ်။

Credit: SfJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စားနေ...

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ...

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon Musk ပေးပို့လာသည့်စာကို တရားရုံးတွင် တင်ပြ...

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang Min-Kyung လည်ပတ်အိပ်စက်ခဲ့ရာ ပရိသတ်များမှာ ဆောင်းဟေကို၏ စံအိမ်အတွင်းပိုင်းမြင်ကွင်းများ ပထမဆုံးအကြိမ်အဖြစ်...

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်...

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသတ်များကို ချပြခဲ့တဲ့ နေအိမ်တွင်းမြင်ကွင်းများ...

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး Gaw Capital က တိုကျိုမြို့ရှိ အထင်ကရ ဈေးဝယ်စင်တာကြီးကို ကန်ဒေါ်လာ ၁ ဘီလီယံအထိပေးကာ ဝယ်ယူ...

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service