ရေဦးမြို့နယ် ညောင်နီကန်ကျေးရွာနေ လယ်ယာမဲ့တောင်သူ ၆၁ ဦးအား စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေလွတ်မြေရိုင်းမှ လယ်ယာမြေ ဧက ၂၀၀ ကို ဇွန်လ ၅ ရက်ကပေးအပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် စက်မှု လက်ယာဦးစီးဌာန က တာဝန်ယူ ဖော်ထုတ်ခဲ့သော လယ်ယာများ ကို ပေးအပ်ခဲ့သည်။
‘‘တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကျေးလက်နေပြည်သူတို့ရဲ့ လူ နေမှုဘ၀ တိုး တက်မြင့်မားရန် အထူးလိုအပ်ပါတယ်။ အဲဒီလို ကျေးလက်နေ ပြည်သူတို့ရဲ့ ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လယ်ယာ ကဏ္ဍတိုးတက်မြင့်မားမှ ဖြစ်နိုင်ပါ တယ်။ လယ်ယာကဏ္ဍတိုးတက်ဖို့ဆိုရင် လယ်ယာမြေများတိုးချဲ့ဖောက် လုပ် ရန် လိုအပ်သလိုရှိပြီးသား လယ်ယာမြေတွေကိုလည်း အဆင့်မြှင့်တင်ပေးပြီး စက်မှုလယ်ယာကူးပြောင်းရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကပြောသည်။
တစ်နေ့တခြား လူဦးရေတိုးတက် များပြားလာသော်လည်း လယ်ယာလုပ် ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူလယ်ယာ လုပ်သားရှားပါးလာခြင်း၊ တိုး တက်များပြားလာသော လူဦးရေ အတွက် စားနပ်ရိက္ခာဖူလုံစေရန် သီး ထပ်များစိုက်ပျိုးရန် လိုအပ် လာခြင်း၊ ရာသီဥတုဖောက်ပြန် မှုကြောင့် ရာသီမီ အချိန်လု ထွန်ယက်စိုက်ပျိုးလာရခြင်းစသည့် အကြောင်းရင်းများကြောင့် လယ် ယာကဏ္ဍ မြှင့်တင်နိုင်ရေးမြေလွတ်မြေရိုင်းများ ဖော်ထုတ်ကာ လယ် ယာမဲ့ေ တာင်သူများအား ပေးအပ်ခြင်းဖြစ်သည်။ ထိုသို့ စိုက်ဧကများပြား လာ ကာ စက်ကိရိယာများ တိုးချဲ့သုံးစွဲခြင်းဖြင့် အထွက်နှုန်းမြင့်မားလာစေပြီး လယ် ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
‘‘ပြီးခဲ့တဲ့ ဘတ်ဂျက်မှာ ဆောင်ရွက်ခဲ့တဲ့ မြို့နယ် လေးခု က လယ်ယာမဲ့ေ တာင်သူတွေကို လယ်ယာမြေဧက ကိုးရာကျော် ပေးအပ်ပြီးပါပြီ။ နောက်ထပ် အဆင့်မြင့် လယ်ယာပေးအပ်တာ တော့ စစ်ကိုင်းနဲ့ ကန့်ဘလူကျန် သေး တယ်’’ ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးကံ ဇာမုံက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးစိုး ဦးက ‘‘လယ်ယာ မြေဖော်ထုတ်ကတည်းက မြေဆီ လွှာကောင်းတဲ့ နေရာေ တွပေါ့။ စနစ်တကျရွေးချယ်ပြီး မြေစာရင်း တို့၊ စိုက်ပျိုးရေးတို့၊ စက်မှုလယ် ယာတို့နဲ့ တိုင်ပင်ပြီးတော့မှ ဒါ တွေကို စနစ်တကျရွေးချယ်ပြီး ဖော်ထုတ်ထား တာ ဖြစ်တယ်။ တကယ်လို့ မြေခံမကောင်းတဲ့ နေ ရာတွေ ဖော်ထုတ်မိတယ် ဆိုရင် တောင်သူတွေက သူတို့အကျိုး အမြတ်မရှိရင် စွန့်ခွာသွားမှာ လေ။ အ ခုလောလောဆယ် ပုံစံ ၇ ထုတ်ပေးဖို့တော့ မရှိသေးဘူး။ ပထမယာယီလုပ် ကိုင်ခွင့်ထုတ် ပေးမယ်။ နောက်ပိုင်း ပုံစံ ၇ ထုတ်ပေးတဲ့အထိ လုပ်ပေးသွား မယ်။ နောက်နှစ်တွေလည်း လယ်ယာမဲ့တောင်သူတွေအတွက် လယ်ယြာေ မတွေ ထပ်မံဖော်ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်’’ဟုပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန် ပုံငွေကျပ်သန်း ငါးရာသုံးစွဲပြီး ကသာ၊ ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ရေဦးမြို့နယ် တို့တွင် နေထိုင်သော လယ်ယာမဲ့တောင်သူ၃၈၈ ဦးအား မြေလွတ်မြေရိုင်းမှ လယ်ယာမြေ ၉၇၅ ဧက ဖော်ထုတ်ပေးအပ်ခဲ့ပြီးဖြစ်သည်။
Credit: 7DayDaily