အခွန်အကောက်ဥပဒေ ပြဋ္ဌာန်းပြီး နှစ်လအကြာတွင် အ ခွန် ၁ ရာခိုင်နှုန်း
ကောက်ခံရန် ပြည်တွင်းအခွန်များဦးစီးဌာနက ရွှေတံဆိပ်ခေါင်းခွန်များကို ရွှေ လုပ်ငန်းရှင်များ ကြိုတင်ဝယ်ယူ စေကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်အချို့ က ပြောသည်။
အခွန်တံဆိပ်ခေါင်းများကို လုပ်ငန်းရှင်များက ကြိုတင်ဝယ် ယူထားရမည်ဖြစ် ပြီး အကယ်၍ ရောင်းမကုန်ပါက ဘဏ္ဍာနှစ်ကုန် လျှင် ပြန်လည် ငွေထုတ်ပေး မည် ဟု အကြောင်းကြားလာကြောင်း အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးေ အာင်က ပြောသည်။
‘‘လွန်ခဲ့တဲ့ တစ်ပတ်လောက် က စပြီးလာဖို့ခေါ်ပါတယ်။ မဖြစ် မနေ၀ယ်ရ မယ်လို့တော့ အမိန့် သုံးတာတော့ မဟုတ်ဘူး။ ၀ယ်ဖို့ ကမ်းလှမ်းတာ။ ၀ယ် ရမယ့်အထဲ မှာ ၁,၀၀၀ တန်၊ ၅,၀၀၀ တန်ပါ တယ်လို့ ပြောတယ်’’ ဟု ဦးေ အာင်က ပြောသည်။
လက်ရှိတွင် ရွှေဆိုင်များ၌ အခွန်ကောက်ခံခြင်းကို ယခင် စနစ်ဟောင်း အ တိုင်းဖြစ်သည့် ရွှေဆိုင်ရောင်းအားကို အခြေခံ တွက်ချက်သည့်စနစ်ဖြင့် အ ခွန် ကောက်ခံစေသော်လည်း မေလ ကုန်တွင် စနစ်သစ်အရ တံဆိပ်ခေါင်း ခွန်ဖြင့် ကောက်ခံရမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကဆိုသည်။
အဆိုပါ ရွှေခွန်အတွက် အခွန်တံဆိပ်ခေါင်းများကို ကျပ် ၅၀ တန်မှ ၁၀,၀၀၀ တန်အထိ ရောင်းချမည်ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ သိရသည်။
အခွန်တံဆိပ်ခေါင်းများကို ဇွန်လဆန်းမှရမည်ဟု ဌာနဆိုင်ရာက ပြောေ ကြာင်း တိတ်စိန်ရွှေ ဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။ အခွန်တံဆိပ်ေ ခါင်း မကပ်ဘဲ အခွန်ကောက်ခံခြင်း သည် အခွန်ငွေများ အစိုးရထံ ရောက်၊ မရောက်ဝယ်ယူသူများ က သံသယဖြစ်စေကြောင်း ၎င်း ကဆိုသည်။
လက်ရှိတွင် အခွန်ကောက် ဥပဒေ အသက်ဝင်နေပြီဖြစ်သော် လည်း အခွန်ေ ကာက်ရန် တံဆိပ် ခေါင်းမရ၍ လက်ဝတ်ရတနာ ရွှေခွန် ၁ ရာခိုင်နှုန်းေ ကာက်ခံမှု ကို ဆိုင်အချို့က ပြုလုပ်နေပြီး အချို့ဆိုင်များ အခွန်ကောက်ခြင်း မပြုနိုင်သေးကြောင်း ပြည်တွင်း ရွှေဆိုင်များမှ သိရသည်။
‘‘ဆိုင်က ကောက်ထားသည် ဖြစ်စေ၊ မကောက်ထားသည် ဖြစ်စေ ရောင်း ထားသမျှတော့ ဥပဒေ အရ ၁ ရာခိုင်နှုန်းက အစိုးရကို ဆောင်ကို ဆောင် ရမယ်’’ ဟု ဦး ဇော်အောင်က ပြောကြားသည်။
၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ လက်ဝတ် ရတနာရွှေ ထည်ဝယ်ယူသူများ သည် အခွန် ၁ ရာခိုင်နှုန်းနှင့် အ ခေါက်ရွှေ ၀ယ်ယူသူ များသည် ၅ ရာခိုင်နှုန်းအခွန်ဆောင်ရမည် ဖြစ် သည်။
Credit: 7DayDaily