အမေရိကန်အိုးအိမ်နှင့်မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီး ဘင်ကာဆန်၏ ဖလော်ရီဒါပြည်နယ်၊ West Palm Beach ရှိနေအိမ်ကို
ကန်ဒေါ်လာ ၉၂၀၀၀၀ ဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘင်ကာဆန်သည် ယခင်က သမ္မတလောင်းအဖြစ် ရွေးကောက်ခံရရန် အလားအလာရှိခဲ့ဖူးသူတစ်ဦးဖြစ်သည်။
ဘင်ကာဆန်သည် ဖလော်ရီဒါတွင် ယခုရောင်းချမည့်နေအိမ်ထက် ပိုမိုကြီးမားသော နေအိမ်တစ်လုံးကို မကြာသေးမီကပင် ဝယ်ယူခဲ့ပြီးဖြစ်သောကြောင့် ယခုနေအိမ်ကို ရောင်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။
ဝယ်ယူသွားသူမှာ ဝါရှင်တန်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်သည်ဟု ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် အာသာမာတန်စ်က ပြောကြားသည်။
ဘင်ကာဆန်သည် ယခင်က အာရုံကြောခွဲစိတ်သမားတော်တစ်ဦးဖြစ်ပြီးနောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘင်ကာဆန်အား အစိုးရအဖွဲ့တွင် အမည်စာရင်းတင်သွင်းခြင်းမပြုမီတွင် West Palm Beach တွင် ပိုမိုကြီးမားသောနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အရောင်းအဝယ်ဖြစ်သွားခြင်းကြောင့် ဝမ်းမြောက်မိကြောင်း မစ္စတာကာဆန်နှင့် ဇနီးဖြစ်သူ လာစီနာ ကန်ဒီ ကာဆန်တို့က ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ဒီအိမ်ကိုရောင်းဖို့ အလောတကြီးဖြစ်နေတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် အသုံးမလိုတဲ့နေအိမ်တွေ အများကြီး ပိုင်ဆိုင်မထားလိုပါဘူး” ဟု မစ္စတာကာဆန်က ဆိုသည်။
နေအိမ်ကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ကြီးမားသော ပြတင်းပေါက်များ၊ ၂၂ ပေအမြင့်ရှိ မျက်နှာကျက်များ၊ စကျင်ကျောက်ပြားခင်း ကြမ်းပြင်များ၊ နံရံမြှုပ်စာအုပ်စင်များ ပါဝင်သည်။
မစ္စတာ ကာဆန်နှင့်ဇနီးဖြစ်သူ လာစီနာ ကန်ဒီ ကာဆန်တို့သည် အဆိုပါနေအိမ်ကို ၂၀၁၃ ခုနှစ်တွင် ယခုကွယ်လွန်သွားပြီဖြစ်သော ဂျွန်ရွန်းနီထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)