အီတလီအစိုးရက သမိုင်းဝင်အဆောက်အအုံ ၁၀၀ ကျော်ကို အလကားပေးပစ်နေသည်ဟု သိရသည်။ နိုင်ငံတစ်ဝန်းမှ ရဲတိုက်များ၊ နေအိမ်များ၊ဗီလာများနှင့်တာဝါကြီးများကို တစ်ပြားတစ်ချပ်မှမပေးရဘဲ အလကားရရှိနိုင်မည်ဖြစ်သည်။၎င်းအဆောက်အအုံပေါင်းများစွာသည် တောင်တက်လမ်းနှင့် စက်ဘီးစီးလေ့ကျင့်သည့်လမ်းကြောင်းများတွင် တည်ရှိသည်။
အဆောက်အအုံကြီးများကို ရရယူလိုသူများအတွက် တစ်ခု တည်းသော သတ်မှတ်ချက်မှာ နေထိုင်မည့်သူသည် အဆောက်အအုံကြီးများကို ပြန်လည်ပြုပြင်ကာ ကမ္ဘာ့လှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နေရာများအဖြစ် ပြောင်းလဲပေးရမည်ဖြစ်သည်။
အီတလီအစိုးရက လက်ရှိတွင်လစ်လပ်နေပြီး ဟောင်းနွမ်းနေသည့်သမိုင်းဝင်အဆောက်အအုံများကို
ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်ကြီးများအဖြစ်ပြောင်းလဲ ပစ်နိုင်ရန်မျှော်လင့်နေခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်ဆောင်မှုနှုန်းထားများ ကျဆင်းလာနေသည့်ဒေသ များကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အီတလီယဉ်ကျေးမှု အမွေအနှစ်ဝန်ကြီးဌာနက ဆိုခဲ့သည်။ အဆောက်အအုံကြီးများကိုဝယ်ယူလိုသူ များသည် အီတလီနိုင်ငံသားဖြစ်ရန်လို အပ်ပြီး ဒေသခံများ၏အကျိုးအတွက်လုပ် ဆောင်ပေးရန်လိုလားသူဖြစ်ရမည်ဖြစ် သည်။
အဆောက်အအုံများကိုပိုင်ဆိုင်ခွင့် ပေးသည့် ခွင့်ပြုချက်ရရှိသော လျှောက် လွှာရှင်များသည် ပြန်လည်ပြုပြင်ရန်နှင့် စီးပွားရေးစတင်ရန် ကိုးနှစ်အချိန်ရရှိမည် ဖြစ်ပြီး လုပ်ငန်းအောင်မြင်ပါက ကိုးနှစ် ထပ်မံအချိန်ရရှိမည်ဖြစ်သည်ဟု သိရသည်။
Credit: Pyi Myanmar