ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်လာတာကြောင့် ပြည်တွင်း
ရွှေဈေးစံချိန်တင်မြင့်တက်လာနေတယ်လို့ ရွှေလုပ် ငန်းရှင်အသင်းတာဝန်ရှိသူတွေထံက သိရပါတယ်။
နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကမ္ဘာ့ဈေးကွက် အတွင်း ရွှေဝယ်လိုအားတိုးလာနေပြီး ပြည်တွင်းရွှေဈေး
နှုန်းတွေလည်း လိုက်ပါမြင့်တက်ခြင်းဖြစ်တယ်လို့ တိတ်စိန်ရွှေဆိုင်ရှင်ဦးဇော်အောင်ကပြောပါ တယ်။
“ အမေရိကန်နဲ့အခြားနိုင်ငံတွေ ဆက်ဆံရေးအခြေအနေနဲ့ ကမ္ဘာ့နိုင်ငံရေးတွေကြောင့်ပဲ ကမ္ဘာ့ရွှေဈေးက အမြင့် မှာရှိ
နေတယ်၊ ပြည်တွင်းဒေါ်လာဈေးကလည်း ဒီအခြေအတိုင်း ဆက်တက်မယ်ဆိုရင်တော့ ရွှေဈေးက ၉ သိန်း ၁ သောင်း ဝန်းကျင်အထိရှိလာလိမ့်မယ်”လို့ သူကပြောပါတယ်။
မြန်မာ့ရွှေဈေးက ကျပ် ၉ သိန်း ၁ သောင်းကျော်အထိ မြင့် တက်ခဲ့ဘူးတာကြောင့် ရွှေဈေးကွက်အတွင်း ယင်းစံချိန်တင်
ဈေးနှုန်းအထိ ပြန်လည်ရောက်ရှိလာမလားဆိုတဲ့ စောင့်ကြည်
မှုတွေရှိနေပြီး အရောင်းအဝယ်ကတော့မ ဖြစ်သလောက်အ
ခြေအနေမှာရှိနေတယ်လို့လည်း ရွှေဘုံသာလမ်းအခြေစိုက်
ရွှေဆိုင်လုပ်ငန်းရှင်တွေကပြောပါ တယ်။
ပြီးခဲ့တဲ့ ၂၁ ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၂၅၆ ဒေါ်လာလောက်သာရှိရာမှာ ကနေ့မေလ ၃၀ ရက်
နေ့ကမ္ဘာ့ဈေးက ၁၂၇၀ ဒေါ်လာအထိဈေးပေါက်နေပါတယ်။
လက်ရှိငွေလဲလှယ်နှုန်းကလည်း တစ်ဒေါ်လာ ကို ၁၃၅၆ ကျပ်ဝန်းကျင်လောက်အထိရှိတာကြောင့် ရွှေဈေးအမြင့်မှာရှိ
နေပါတယ်။ ရွှေဈေးနှုန်းမြင့်နေခြင်းနဲ့ စိုက်ပျိုးရာသီရောက် ရှိလာတာကြောင့်လည်း အရောင်းအဝယ်ကမရှိဖြစ်နေ
တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First