အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် Big Sur အမည်ရှိ အသက်ရှုမှားဖွယ် ကမ်းရိုးတန်းလမ်းမနေရာတွင် မိုးရေများစိမ့်ဝင်နေသော တောင်စောင်းမှာ အဝေးပြေးလမ်းမကြီးပေါ်သို့ ပြိုကျခဲ့ခြင်းကြောင်း လပေါင်းများစွာ လမ်းပိတ်ထားရတော့မည် ဖြစ်ကြောင်း ပြည်နယ်သယ်ယူပို့ဆောင်ရေးအရာရှိတို့က ပြောကြားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကယ်လီဖိုးနီးယားတွင် စံချိန်တင်အစိုစွတ်ဆုံး ဆောင်းဥတုဖြစ်ပေါ်ပြီးနောက် ယခုတောင်ပြိုမှုသည် Big Sur တွင် တတိယအကြိမ်မြောက် အကြီးမားဆုံးထိခိုက်မှုလည်း ဖြစ်သည်။
ပစိဖိတ်ကမ်းရိုးတန်းအဝေးပြေးလမ်းမကြီးတွင် Big Sur သည် ၇၆ မိုင်ခန့် ရှည်လျားသည့် လမ်းမနေရာလည်း ဖြစ်သည်။
Big Sur သည် ပြည်နယ်အမှတ် ၁ လမ်းမပေါ်တွင်ရှိပြီး နှစ်လမ်းမောင်းသာ အကျယ်အဝန်းရှိသည့် နေရာလည်း ဖြစ်သည်။
ပြည်နယ်အမှတ် ၁ လမ်းမမှ Big Sur ရှိသည့်အပိုင်းသည် အံ့မခန်းဖွယ် ရှုခင်းတို့ကြောင်း လူသူမသိသေးသော အမျိုးသားအလှတပါး အဖြစ် သတ်မှတ်ထားခြင်း ခံရသည်။
အမေရိကန်ပြည်ထောင်စုတွင် မဖွံ့ဖြိုးသေးသော အရှည်လျားဆုံးကမ်းရိုးတန်းလမ်းမတစ်ခုအဖြစ်လည်း ကျော်ကြားသည့်နေရာ ဖြစ်သည်။ယခုတောင်ပြိုမှုသည် ဆယ်စုနှစ်များစွာအတွင်း ဒေသတွင်းတွင် အကြီးမားဆုံးသဘာဝဘေးဖြစ်ပြီး ကျောက်တုံးများ၊ မြေကြီးများနှင့် အခြားအပျက်အစီးများသည် လမ်းမကြီးပေါ်တွင် ၃၅ ပေခန့်မြင့်မားကာ တစ်မိုင်၏ လေးပုံတစ်ပုံခန့် ပိတ်ဆို့သွားကြောင်းနှင့် ဖြစ်ပွားရာ နေရာမှာ ဆန်ဂျို့ ၏တောင်ဘက် မိုင် ၁၀၀ ခန့် ကွာဝေးသည့်နေရာတွင်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကောလင်း ဂျုန်းစ်က ပြောကြားသည်။
အဝေးပြေးလမ်းမပေါ်သို့ ပိတ်ဆို့သွားသည့် အပျက်အစီးများမှာ
တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
“ဒီလမ်းပိုင်းကို ပြန်ပြီးဖွင့်လှစ်နိုင်ဖို့ လပေါင်းအတော်ကြာကြာ အချိန်ယူရဦးမှာပါ” ဟု ဂျုန်းစ်က ဆိုသည်။
တောင်ပြိုမှုဖြစ်ပွားရာလမ်းပိုင်းသည် လူသူသွားလာမှု အများဆုံးလမ်းပိုင်းနေရာမဟုတ်သော်လည်း နွေဥတု ခရီးသွားရာသီတွင် တစ်နေ့လျှင် ယာဉ်အစီးရေ ၆၀၀၀ ခန့် ဖြတ်သန်းလေ့ရှိသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)