အိမ်ခြံမြေကဏ္ဍဟာ ကျယ်ပြန့်လာတဲ့ အင်တာနက်ကြော်ငြာကဏ္ဍနဲ့အတူ တိုးတက်ပြောင်းလဲလာတယ် ။ ဒါကြောင့် သင်ရောင်းချမယ့် အိမ်ခြံမြေကို လူကြိုက်များတဲ့ အိမ်ခြံမြေအဖြစ် ဖန်တီးပြီး ကြော်ငြာတင်နိုင်ဖို့ နည်းလမ်းေ ကာင်းတချို့ ရှိတယ်လို့ သိရပါတယ် ။
လေ့လာကြည့်ရှု့တဲ့ ကိုယ်စိတ်ဝင်စားစေမယ့် ဓါတ်ပုံတွေပါဝင်သင့်ပါတယ် ။ ဘာကြောင့်လဲဆိုရင် အိမ်ခြံမြေအရောင်းအဝယ်မှာ ဓါတ်ပုံတွေ ပါဝင်တာဟာ ကြည့်မြင်သူရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိစေပါတယ် ။
အိမ်နဲ့ပတ်သက်တဲ့ ဖော်ပြချက်တွေ အိမ်ရဲ့ လေထွက်လေဝင်ကောင်းခြင်း ၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းခြင်းစတဲ့ အားသာချက်တွေဆိုရင် အကောင်း ဆုံးနဲ့ အပြည့်အစုံ ၊ သေချာဂရုတစိုက် ဖော်ပြသင့်ပါတယ် ။ ဒါ့အပြင် ဝယ်ယူ သူတွေအနေနဲ့ စိတ်ဝင်စားလို့ တိုက်ရိုက် ဆက်သွယ်လာရင်လည်း သေေ သချာချာ ရှင်းပြသင့်ပါတယ် ။ အစီအစဉ်နဲ့ ပြည့်စုံတဲ့ description ဒါမှမ ဟုတ် ဖော်ပြချက်တွေအစား ပြီးစလွယ်ဖော်ပြကြတာကြောင့် တချို့အိမ်တွေ ဆိုရင် လေ့လာသွားတာရှိပြီး ဝယ်ယူသူနဲ့ လွဲချော်ကျသွားတတ်ပါတယ် ။
ပါဝင်တဲ့ facility တွေကို ပြည့်စုံအောင် ဖော်ပြရမယ် ။ အသုံးများတဲ့ အ ဆင့်မြင့် အိမ်ခြံမြေ ဝဘ်ဆိုဒ်တွေမှာ ရှာဖွေသူတွေအတွက် ၊ ဝယ်ယူသူတွေ လိုချင်တဲ့ အချက်အလက်တွေကို ရွှေးချယ်ရှာဖွေစီစဉ်ထားကြပါတယ် ။ ရှာဖွေ သူတွေကလည်း ရွှေးချယ်လို့ ရသမျှကို တိတိကျကျ ရှာဖွေကြမှာပဲ ဖြစ်တယ် ။အဲသည်လို ရှာဖွေကြတဲ့ အတွက် စုံလင်တဲ့ facilities တွေကို ဖော်ပြတာ ဟာ ပိုပြီးတော့ ထိရောက်မှာ ဖြစ်ပါတယ် ။
မိမိဖော်ပြနေတဲ့ ဒေတာရဲ့ ဈေးနှုန်းအပြောင်းအလဲ ၊ facilities ပါဝင်မှု ၊ ရောင်းပြီး ငှားပြီး အခြေအနေ စတဲ့ပြောင်းလဲမှုအားလုံးကို မိမိဒေတာကို အချိန်ကုန်ခံ ၊ အပင်ပန်းခံ ရှာဖွေကြည့်ရှု့မယ့် ကာစတမ်မာတွေကို အချိန်နဲ့ တစ်ပြေးညီ အင်ဖော်မေးရှင်း ပေးသင့်ပါတယ် ။ ဖေ့စ်ဘုတ်ခ်ပေ့ခ်ျတွေမှာေ ကြာ်ငြာရင် ပြောင်းလဲမှု့အခြေအနေတွေကို အလေးအနက်ထားဖော်ပြတာ ဟာ မိမိကာစတမ်မာတွေကို တစ်နည်းအားဖြင့် ကူညီရာရောက်ပါတယ် ။
မှန်ကန်ပြီး update ဖြစ်တဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေ ၊ ကာစ တမ်မာတွေ ဆက်သွယ်ရမယ့် ဖော်ပြထားတဲ့ ဖုန်းနံပါတ် ၊ အီးမေးလ်လိပ် စာတွေ မှန်ကန်မှုရှိစေဖို့ အထူးပဲဂရုစိုက်ရမှာ ဖြစ်တယ် ။ ပြီးတော့ အဲသည် လို ဖော်ပြထားပြီးတော့ စိတ်ဝင်စားသူတွေအနေနဲ့ ဆက်သွယ်ရင် အခက်အ ခဲ မရှိအောင် ဆောင်ရွက်ထားခြင်း ၊ အီးမေးလ်က ဆက်သွယ်လာသူတွေကို အချိန်မလင့်အကြောင်းပြန်တာတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ် ။
တချို့ဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေဆိုရင် ဆက်သွယ်မှု ဧရိယာပြင်ပရောက် တာတွေ ၊ အီးမေးလ်က ဆက်သွယ်ရင်လည်း အကြောင်းမပြတ်တာတွေ စတဲ့ အပြုအမှုတွေကြောင့် ကာစတမ်မာတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး မိမိရဲ့ ကုမ္ပဏီ ဒါမှမဟုတ် မိမိလုပ်ငန်းနာမည်ကိုပါ ထိခိုက်စေနိုင်ပါတယ် ။
ဒါကြောင့် အိမ်ခြံမြေတွေကို ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေမှာပဲဖြစ်ဖြစ် ၊ အဆင့်ြ မင့် ဝက်ဘ်ဆိုက်တွေမှာပဲဖြစ်ဖြစ် ဝင်ရောက်ကြော်ငြာတဲ့အခါ ဖော်ပြထားတဲ့ အချက်အလက်တွေဟာ လူကြိုက်များတဲ့ ရွှေးချယ်မှုများတဲ့ အိမ်ခြံမြေ နည်း လမ်းကောင်းတွေ ဖြစ်ပါတယ်လို့ အိမ်ြခံမြေအကျိုးဆောင် ကိုသူရက ပြော ပါတယ် ။
Credit: The Modern