နိုင်ငံအဝန်းက ပြည်သူတွေနဲ့ ဝန်ထမ်းတွေ နေရေး အဆင်ပြေစေဖို့အတွက် Precast စနစ်နဲ့ ဆောက် လုပ်မယ့် တန်ဖိုးသင့် ပြည်သူ့အိမ်ရာ စီမံကိန်းကို တိုင်းဒေသကြီးနဲ့ မြို့နယ်အလိုက် အကောင်အထည် ဖော်မှာ ဖြစ်ပြီး အိမ်ရာ စီမံကိန်းကို အမျိုးအစားသုံးမျိုးနဲ့ ဆောက်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (MCEA) က အဖွဲ့ ဝင် ဖြစ်တဲ့ Precast နည်းပညာ စနစ်နဲ့ ဆောင်ရွက်မယ့် Myanmar Coll Wall Precast ကုမ္ပဏီလီမိတက်က မန်နေးဂျင်း ဒါရိုက်တာ ဦး အောင်ကျော် ဆန်းက “ဒီ Precast စနစ်နဲ့ ဆောက်လုပ်တာကလဲ ဆောက်လုပ် ကုန်ကျစ ရိတ်ကို အ နည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် သက်သာစေပြီး အဆောက်အ အုံ ကြံ့ခိုင်မှုကလည်း ပိုပြီးတော့ ကောင်းမွန်စေပါတယ်။ လက်ရှိလဲ နိုင် ငံတော်ကနေ ပြည်သူတွေအတွက် အိမ်ရာစီမံကိန်းတွေ ပေါ် ထွက်လာေ အာင် စီစဉ်နေတာ တွေ့ရပါတယ်၊ မကြာမီ သုံးနှစ်အတွင်း အကောင်အ ထည် ပေါ်လာမယ် လို့ မျှော်လင့်ပါတယ်။ အဓိကတော့ အားလုံး ပူးပေါင်းေ ဆာင်ရွက်မယ်ဆို အဆင်ပြေမှာပါ၊ ဒါပေမဲ့ လက်ရှိ ကျွန်တော်တို့ အနေနဲ့ကေ တာ့ ပုဂ္ဂလိက မြေပိုင်ရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါ ပြီ” လို့ ပြောပါတယ်။
Precast စနစ်နဲ့ ဆောက်လုပ်မယ့် တန်းဖိုးသင့် ပြည်သူ့အိမ်ရာ စီမံကိန်းကို အမျိုးအစား သုံးမျိုးနဲ့ ဆောက်လုပ်မှာ ဖြစ်တယ်။ ပထမ အမျိုးအစားမှာ ဝန် ထမ်းနဲ့ ပြည်သူတွေအတွက် ဝရန်တာ အပါအ ဝင် မျက်နှာပွင့် ၁၂ ပေ၊ အနောက် ပေ ၂၀ ရှိ ဓါတ်လှေကား ပါဝင်တဲ့ ဟိုတယ် Room Type ပုံစံ အိမ်ခန်းတွေ ပါဝင်တဲ့ တန်ဖိုးသင့် ပြည်သူ့အိမ်ရာစီမံကိန်းကို မြို့လယ်ခေါင် မှာ ဆောင်ရွက်မှာ ဖြစ်ပြီး ၁၅ နှစ် အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်အောင် စီစဉ်ေ ပးမှာ ဖြစ်တယ်။
ဒုတိယ အမျိုးအစားက ဝေးလံတဲ့ သီလဝါ စက်မှုဇုန်၊ ဒလ၊ မှော်ဘီ နဲ့ ထောက် ကြန့် အပါအဝင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းနဲ့ အမြန်လမ်းနေရာတွေ မှာ နိုင်ငံအငြိမ်းစား ဝန်ထမ်းတွေ နေရေး အဆင်ပြေစေဖို့ မြေနေရာ ပါဝင် တဲ့ နှစ်ထပ်တိုက် တန်ဖိုးသင့် ပြည်သူ့အိမ်ရာ စီမံကိန်း အကောင် အထည်ေ ဖာ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
တတိယအမျိုးအစားမှာ အကျယ်အဝန်း စတုရန်းပေ ၆၀၀ ရှိတဲ့ ငါးထပ်ေ ဆာက် လုပ်မယ့် အိပ်ခန်းနှစ် ခန်း၊ ဧည့်ခန်းနဲ့ မီးဖိုချောင် ပါဝင်တဲ့ တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင် ရွက်မှာ ဖြစ်တယ်။ အမျိုး အစား သုံးမျိုးစလုံးကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ် ဆက်ပြီး အရစ်ကျ ရောင်းချပေးမှာ ဖြစ်ပါတယ်။
လက်ရှိ ပုဂ္ဂလိကမြေဖြစ်တဲ့ ဝေဇယန္တာလမ်းနဲ့ နီးတဲ့ တောင်ဥက္ကလာပမြို့ နယ်ကအပ အမှတ်(၈)၊ (၉)၊ (၁၀) ရပ်ကွက်တွေမှာ Precast စနစ်နဲ့ေ ဆာက်လုပ်မယ့် တန်ဖိုးသင့် ပြည်သူ့အိမ်ရာ စီမံကိန်းကို စတင် အကောင်အ ထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပြီး ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံ မြို့နယ်တွေမှာ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါဝင်တဲ့ စတု ရန်းပေ ၆၀၀ အကျယ်အဝန်းရှိ မိသား စုတွေ နေထိုင်နိုင်ဖို့ ပြည်သူ့ အိမ်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စီစဉ်ထားပြီး နိုင်ငံ တာဝန် ကျေ ပွန်ခဲ့တဲ့ နိုင်ငံ့တာဝန် ကျေပွန်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေ၊ ပုံမှန်ဝင်ငွေရှိတဲ့ နိုင်ငံ့ ဝန်ထမ်းတွေနဲ့ ကိုယ် ပိုင်အလုပ်အကိုင် အကောင်အထည်ပြသနိုင် တဲ့ ပြည်သူတွေကို ဦးစားပေး ရောင်းချပေးမှာ ဖြစ်တယ်။
Precast စနစ်နဲ့ ဆောက်လုပ်မယ့် တန်ဖိုးသင့်ပြည်သူ့အိမ်ရာ စီမံကိန်း ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ရဲ့ ဦးဆောင်မှုနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးအဖွဲ့က ဆောင် ရွက်မှာ ဖြစ်ပြီး Myanmar CollWall Precast Thailand နဲ့ မြန်မာပြည်မိတ်ဖက်အဖွဲ့က နည်းပညာ ပံ့ ပိုးမှာ ဖြစ်ကာ နိုင်ငံတော် အစီအစဉ်နဲ့ မကြာမီ အကောင်အ ထည်ဖော် ဆောင်ရွက်မှာ ဖြစ်တယ်လို့ (MCEA) က သိရပါတယ်။
ဦးအောင်ကျော်ဆန်းက “ပုဂ္ဂလိက မြေပေါ်မှာ ဆောက်လုပ်မယ် ဆိုရင်ေ တာ့ မြေနေရာ တိုက်ခန်းငွေ ကျပ်သိန်း ၃၀ လောက် အနည်းဆုံး တက်ပါ လိမ့်မယ်၊ အဓိကတော့ နိုင်ငံတော်က မြေနေရာ ချထားပေးမယ်ဆို၇င် မြန် ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါလိမ့်မယ်၊ နိုင်ငံတော်က ပံ့ပိုးမယ်ဆိုရင် ပိုအဆင်ပြေမှာပါ၊ ဒါမှမဟုတ်ရင်လဲ ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိက မြေပေါ်မှာ တန်ဖိုးသင့်ပြည်သူ့အိမ်ရာ စီမံကိန်းတွေကို အကောင် အထည်ဖော် ဆောင်ရွက်မှ ဖြစ်တယ်” လို့ ပြောပါတယ်။
Credit: The Kumudra