အာရပ်စော်ဘွားများပြည်ထောင်စု၏ အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) သည် ပြင်သစ်နိုင်ငံတွင် စုစုပေါင်း ယူရို ၁ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) တန်ကြေးရှိ ၎င်းတို့ပိုင်ဆိုင်ထားသော အဆောက်အအုံများကို ရောင်းထုတ်တော့မည် ဖြစ်ကြောင်း ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ADIA သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဘဏ္ဍာငွေပိုင်ဆိုင်ထားသည့်ရင်းနှီးမြှုပ်နှံမှုအဖွဲ့တစ်ခုဖြစ်သည်။
အဆိုပါ အိမ်ခြံမြေများကို အရောင်းဈေးကွက်တင်ရန်အတွက် Cushman & Wakefield Inc အကျိုးဆောင်ကုမ္ပဏီထံ အပ်နှံထားသည်ဟု ဆိုသည်။
ရောင်းချမည့် အဆောက်အအုံများတွင် စတုရန်းပေ ၂၅၈၃၀၀ ကျယ်ဝန်းသော ရုံးခန်းအဆောက်အအုံ Boulevard Haussmann (လက်ရှိအားဖြင့် ပြင်သစ်ဘဏ် BPI France ကို အငှားချထား) နှင့် La Defense စီးပွားရေးရပ်ကွက်ရှိ အဆောက်အအုံတစ်လုံးတို့ အပါအဝင်ဖြစ်သည်။
La Defense အရပ်သည် ဥရောတွင် အကြီးမားဆုံးရုံးစိုက်ရာအရပ်တစ်ခုဖြစ်သည်။
ADIA က ရောင်းထုတ်လာသော အဆောက်အအုံများကို ဝယ်ယူကာရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် Goldman Sachs Group Inc.
နှင့် Carlyle Group LP တို့ကဲ့သို့သော ကုမ္ပဏီကြီးများကို ဝိုင်းဝန်းတိုက်တွန်းလျက်ရှိကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)