နိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် ကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည်ဟု Oxley ဆို

နိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် ကန်ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည်ဟု Oxley ဆို - Property News in Myanmar from iMyanmarHouse.com
25 May 2017 11:51 am တွင် တင်ခဲ့သည်
2960 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ဒုတိယစီးပွားရေးအချက်အချာမြို့တော် မရမ်းကုန်းမြို့နယ်တွင် အဆင့်မြင့်စုပေါင်းအိမ်ရာတစ်ခု တည်ဆောက်ရန်ရှိသည့် စင်ကာပူ အခြေ စိုက် အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီ Oxley Holdings လီမိတက်သည် မြန်မာနိုင်ငံ ၏ အိမ်ရာဖော်ထုတ်မှုကဏ္ဍတွင် အလားအလာရှိသော စီမံကိန်းမြေနေရာ များတွင် ပြည်တွင်းမိတ်ဖက်နှင့်ပူးပေါင်းကာ အမေရိကန် သန်း ၅၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု Oxley ၏ အကြီးအကဲဖြစ်သူ ချင်ချောက်ကွမ်က မဇ္ဈိမသို့ ထုတ်ဖော်ပြောဆိုထားသည်။

“အမှန်တော့ ဘယ်ကုမ္ပဏီနဲ့မဆို ကျွန်တော်တို့က ဘတ်ဂျက်ငွေတွေကို ခွဲဝေ သုံးစွဲတတ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံချင်လဲပေါ့။ လောလောဆယ်တော့ သင့်တော်ကောင်းမွန် တဲ့ မြေနေရာတွေအတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀ လောက် ရင်းနှီြး မှုပ်နှံသွားဖို့ ရှိနေပါတယ်။ အခုလည်းဒီစီမံကိန်းပြီးရင် နောက်ထပ် စီမံကိန်း ၂ ခု၊ ၃ ခု လောက်မှာ ရင်းနှီးမြှုပ်နှံဖို့ ရှာဖွေနေပါတယ်”ဟု ကုမ္ပဏီ၏ အမှုေ ဆာင်ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ချင်ချောက်ကွမ်က ဆိုသည်။

ချင်ချောက်ကွမ်သည် မြန်မာနိုင်ငံဟိုတယ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးပိုင်ဆိုင်သည့် မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စုနှင့် အကျိုးတူပူးပေါင်းကာ ကန်ဒေါ်လာသန်း ၂၅၀ ရင်းနှီးမြှုပ်နှံမှု တန်ကြေးရှိ အဆင့်မြင့်အိမ်ရာတစ်ခု ကို ယခုနှစ်အတွင်း တည်ဆောက်ရန် သဘောတူညီထားပြီး ဖြစ်သည်။

ချင်ချောက်ကွမ်အနေနဲ့ ယင်းဖွံ့ဖြိုးမှုစီမံကိန်းအပြင် ရန်ကုန်မြို့လို အလားအ လာရှိသောဈေးကွက် ဖြစ်ထွန်းနိုင်မည့်နေရာများတွင်လည်း ဆက်လက် ရင်းနှီးမြှုပ်နှံလိုသည်ဟု ပြောပြလာသည်။

မိတ်ဖက်ဖြစ်သူ မုတ္တမဖွံ့ဖြိုးတိုးတက်ရေးအုပ်စု၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးရောင်ဟိုက ကုမ္ပဏီ ၂ ခု၏ ရှေ့ဆက်လုပ်ကိုင်မည့် စီမံကိန်းတစ်ခုနှင့် ပတ်သက်ပြီး“လက်ရှိ ကျွန်တော်တို့နဲ့ Oxley တို့ Project အကြီးကြီးတစ်ခု လုပ်ထားတယ်၊ အခုကျွန်တော်တို့က လက်ထဲမရောက်တာ ဖြစ်တဲ့ အ တွက် ပြောလို့ မရဘူး။ ခွင့်ပြုချက်မရသေးဘူး။ သူကတော့ ရုံးခန်းပါမယ်၊ အိမ် ရာပါမယ်၊ ဟိုတယ်တွေ ပါမယ်။ Compound တစ်ခုပေါ့”ဟု မဇ္ဈိမ၏ မေးမြန်း မှုကို အထက်ပါအတိုင်းပြောဆိုထားသည်။

Oxley Holdings အနေနှင့် ရန်ကုန်ဘူတာကြီးဖွံ့ဖြိုးမှုစီမံကိန်းအတွက် တင် ဒါ ၀င်ရောက် ယှဉ်ပြိုင်ထားပြီး ရွေးချယ်ခံရပါက အမေရိကန်ဒေါ်လာသန်း ၅၀၀ ထက်မနည်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းလည်း ချင်ချောက်ကွမ် က ပြောပြလာသည်။

“မကြာခင်သေးခင်ကလည်း ရန်ကုန်ဘူတာကြီးစီမံကိန်းအတွက်လည်း တင်ဒါ ၀င်ပြိုင်ထားပါတယ်။ အကျိုးစီးပွားဖက်အနေနဲ့ပေါ့။ ဒီစီမံကိန်းက ကြီးမားထင် ရှားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ရွေးချယ်ခံရ တယ်ဆိုရင် အမေရိကန်ဒေါ်လာသိန်း ၅၀၀ ထက်မနည်း ရင်းနှီးမြှုပ်နှံ သွားဖို့ လည်း ရှိနေပါတယ်”ဟု ပြောသည်။

အိမ်ရာဖွံ့ဖြိုးမှုနှင့် တည်ဆောက်ရေးကုမ္ပဏီ Oxley Holdings သည် ၂၀၁၀ ခုနှစ်တွင် စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းတင်ခဲ့ပြီး မကြာသေးခင်က အမေရိကန်ဒေါ်လာသန်း ၃၀၀ တန်ကြေးရှိ ငွေစုစာချုပ်များ တိုးမြှင့်နိုင်ခဲ့ သည်ဟု သိရသည်။

Credit: Mizima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Yadanar Bon

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service