နေအိမ်ဝယ်သည့်သတင်းသာကြားရလေ့ရှိသော One Direction အဆိုတော် ဟယ်ရီစတိုင်က လော့စ်အိန်ဂျလိအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင်

နေအိမ်ဝယ်သည့်သတင်းသာကြားရလေ့ရှိသော One Direction အဆိုတော် ဟယ်ရီစတိုင်က လော့စ်အိန်ဂျလိအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
25 May 2017 11:50 am တွင် တင်ခဲ့သည်
1276 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့် ၁၂ လတာအတွင်း နေအိမ်ဝယ်ယူသည့် လှုပ်ရှားမှုများသာရှိနေသူ One Direction အဖွဲ့မှ အဆိုတော် ဟယ်ရီစတိုင်က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ ၊ ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Hilton & Hyland မှတစ်ဆင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီတွင် နေအိမ်ကို ဝယ်ယူခဲ့သည့် ဈေးနှုန်းထက် များစွာမြင့်တက်နေသည်။။
မှတ်တမ်းအချက်အလက်များအရ ဟယ်ရီစတိုင်သည် ယင်းနေအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၈၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဟယ်ရီသည် လန်ဒန်တွင် အဓိကနေထိုင်လေ့ရှိပြီး နယူးယောက်မြို့  ၊ မန်ဟက်တန်အရပ်တွင်လည်း မကြာသေးမီကပင် နေအိမ်ဝယ်ယူခဲ့သေးကြောင်း Hilton & Hyland မှ အကျိုးဆောင် မစ္စတာဟူချယ်လ်က ပြောကြားသည်။
(နယူးယောက်တွင် နေအိမ်ဝယ်ယူသည့်သတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/603825 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

ယခုနေအိမ်ကို ဟယ်ရီစတိုင်ရောင်းချခဲ့ရခြင်း၏ အကြောင်းရင်းကိုမူ မစ္စတာဟူချယ်လ်က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

ရောင်းဈေးမြင့်တက်ရခြင်းမှာ ဟယ်ရီအဖို့ နေအိမ်ကို ပြန်လည်မွမ်းမံရခြင်းနှင့် လော့စ်အိန်ဂျလိတွင် အိမ်ခြံမြေဈေးကွက် ခိုင်လာခြင်းကြောင့် ဖြစ်သည်ဟု မစ္စတာဟူချယ်လ်က ဆိုသည်။

ဟောလိဝုဒ်ဟေးလ်ရှိ ယခုနေအိမ်မှ ပစိဖိတ်သမုဒ္ဒရာနှင့် လော့စ်အိန်ဂျလိမြို့ လယ်မြင်ကွင်းများကို ကောင်းစွာမြင်တွေ့နိုင်ကြောင်းလည်း မစ္စတာဟူချယ်လ်က ဆက်လက်ပြောကြားသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၄၀၀ ရှိပြီး အိပ်ခန်း ၄ ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံခန်းမတို့ပါဝင်သည်။

ခြံဝန်းအကျယ်မှာ ဧကမတ်ရှိပြီး ရေကူးကန်တစ်ခုလည်း ပါဝင်သည်။
ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ပြီး နေအိမ်အတွင်း ချောင်းမြောင်းမည့်သူများကို သစ်ပင်များက တံတိုင်းကာရံပေးထားသည်။
“ဒီနေရာဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိတဲ့ အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်” ဟု
မစ္စတာဟူချယ်လ်က ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နေအိမ်ဝယ်သည့်သတင်းသာကြားရလေ့ရှိသော One Direction အဆိုတော် ဟယ်ရီစတိုင်က လော့စ်အိန်ဂျလိအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
နေအိမ်ဝယ်သည့်သတင်းသာကြားရလေ့ရှိသော One Direction အဆိုတော် ဟယ်ရီစတိုင်က လော့စ်အိန်ဂျလိအိမ်ကို ကန်ဒေါ်လာ ၈ သန်းကျော်ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service