စင်္ကာပူတွင် စတုရန်းမီတာ ၈၈၆၆၀ (စတုရန်းပေ ၉၅၄၃၂၈ ) ကျယ်ဝန်းသော မြေနေရာကို တရုတ်အိမ်ခြံမြေ developer များက စင်္ကာပူဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဈေးအမြင့်ဆုံးပေးကာ လေလံဆွဲယှဉ်ပြိုင်ခဲ့ကြကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရုတ်အိမ်ခြံမြေ developer များဖြစ်သော Logan Properties နှင့် Nanshan Group တို့က ကုမ္ပဏီ ၂ ခု ပူးပေါင်းကာ အဆိုပါမြေနေရာကို စင်္ကာပူဒေါ်လာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၇၂၂ သန်း) ဈေးပေးခဲ့ခြင်းဖြစ်သည်။
ယင်းနေရာတွင် လူနေအိမ်များ ဆောက်လုပ်အကောင်အထည်ဖော်မည်ဖြစ်သည်ဟု စင်္ကာပူမြို့ပြပြန်လည်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့ (URA) က ထုတ်ပြန်သည်။
ဒုတိယဈေးအများဆုံးပေးခဲ့သည်မှာ ဟောင်ကောင်အခြေစိုက် MCL Land ကုမ္ပဏီမှ ဖြစ်ပြီး စင်္ကာပူဒေါ်လာ ၉၂၆ သန်းဈေးပေးခဲ့ရာ တရုတ် developer တို့အောက် ၈ ရာခိုင်နှုန်း နည်းပါးနေသည်။
တရုတ်ကုမ္ပဏီတို့က စင်္ကာပူတွင် တစ်ဘီလီယံကျော်ငွေသုံးစွဲ တင်ဒါဆွဲခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်စံချိန်ထက် ၃၂ ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့သည်။လေလံတင်သည့် မြေနေရာမှာ စတားလင်းလမ်းပေါ်ရှိ Queenstown MRT ဘူတာရုံအနီးတွင် တည်ရှိသည်။
ယင်းနေရာကို ၂၀၁၀ ပြည့်နှစ်ကတည်းက အရောင်းဈေးကွက်သို့တင်သွင်းထားခြင်းဖြစ်သည်။
၉၉ နှစ်အငှားချထားပေးမည်ဖြစ်သော ယင်းနေရာတွင် နေရာတွင် နေအိမ်သစ်ပေါင်း ၁၁၆၀ ဆောက်လုပ်သွားမည်ဖြစ်သည်။
Logan-Nanshan ပူးတွဲကုမ္ပဏီက ပေးခဲ့သည့်ဈေးနှုန်းမှာ အများခန့်မှန်းထားသည်ထက် ၅ ရာခိုင်နှုန်းခန့်ပင် ကျော်လွန်နေသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)