တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တွင် မကြာမီက ဖွင့်လှစ်လိုက်သည့်
Lotte World Tower တွင်လူများဖြင့် အလွန်စည်ကားနေပြီး ၎င်းတို့က ကမ္ဘာ့အမြန်ဆုံး နှစ်ထပ်ဓာတ်လှေကားကို စီးဖူးလိုသည့် အတွက်
ထိုနေရာသို့ အပြိုင်အဆိုင် ရောက်လာကြခြင်းဖြစ်သည်။
ယင်းဓာတ်လှေကားသည် မြေအောက်ခန်းမှနေ၍ ၁၂၁ ထပ်သို့ တစ်မိနစ်တည်းနှင့် အရောက်သွားပေးနိုင်သည်။ ထို့ကြောင့်
တစ်စက္ကန့်လျှင် ပျမ်းမျှ ၃၂ ဒသမ ၈ ပေ ရောက်သည့် သဘောဖြစ်သည်။
ယင်းအဆောက်အအုံကြီးကို ဧပြီလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆိုးလ် တွင် အမြင့်ဆုံးအဆောက်အအုံဖြစ် လာ ကာ ကမ္ဘာတွင် နံပါတ်ငါးချိတ်သည်။
အမြင့် ၁၈၂၀ ပေ ရှိသည့် ယင်းတာဝါ ကြီးသည် ကမ္ဘာ့စံချိန်သုံးခု ချိုးထားသည်။
ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကား၊ ကမ္ဘာ့ အမြင့်ဆုံး ဖန်လျှောက်လမ်းနှင့်ကမ္ဘာ့အမြင့်ဆုံး ရှုခင်းကြည့်စင်တို့ဖြစ်ကြသည်။
credit: Pyi Myanmar