ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ San Francisco မြို့ဟာ ကမ္ဘာပေါ်မှာ
တိုက်ခန်းငှားရမ်းခ ဈေးအကြီးဆုံး မြို့အဖြစ် ရပ်တည်နေတယ်လို
့သိရပြီး ယင်းမြို့မှာ အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခု ငှားရမ်းဖို့အတွက် ငှားရမ်းခက တစ်လကို ဒေါ်လာ ၃,၄၄၉ ရှိနေတယ်လို့ Deutsche Bank ရဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။
San Francisco ရဲ့ နောက်မှာတော့ တရုတ် ရဲ့ ဟောင်ကောင်က
ဒေါ်လာ ၃,၂၃၇ နဲ့ ရပ်တည်နေပြီး ယင်းရဲ့ နောက်မှာတော့
New York က ဒေါ်လာ ၂,၉၀၉ တို့နဲ့ အသီးသီး ရပ်တည်နေတယ်လို့
သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အိန္ဒိယရဲ့ Bangalore မြို့ကနေ ပျမ်းမျှ တိုက်ခန်း
ငှားရမ်းနေထိုင်ခ ၂၉၆ ဒေါ်လာနဲ့ တိုက်ခန်းငှားရမ်းခပိုင်းမှာ
ကမ္ဘာ့ဈေးအသက်သာဆုံးမြို့အဖြစ်ရပ်တည်နေလျက်ရှိပါတယ်။
Deutsche Bank ဘဏ်ကတော့ ကမ္ဘာတစ်ဝှမ်းက အဖိုးနှုန်း
တန်ဖိုးတွေနဲ့ပတ်သက်လို့ နှစ်စဉ် လေ့လာချက်တစ်ရပ်ထုတ်ပြန်
လေ့ရှိပြီး ယင်းစစ်တမ်းတွေထဲမှာတော့ ကုန်စည်ပစ္စည်းတွေနဲ့
ဝန်ဆောင်မှု တန်ဖိုးတွေကိုပါ ထည့်သွင်းတွက်ချက်
လေ့ရှိပါတယ်။
ယခု စစ်တမ်းကတော့ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၂၀၀ ကျော်က
နေထိုင်မှု ကုန်ကျစရိတ်တွေကို စောင့်ကြည့်ထုတ်ပြန်နေတဲ့ ဆိုဒ် Expatistan ကို ကိုးကားပြီး နိုင်ငံ ၅၀ နီးပါးက အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းတွေရဲ့ လစဉ်ငှားရမ်းခ တန်ဖိုးတွေကို တိုင်းတာထုတ်ပြန်ခဲ့
တာဖြစ်ပါတယ်။
Credit: SFJ Strategy First