ဟောင်ကောင်မှ ကမ္ဘာ့ဈေးအကြီးဆုံးမြေကွက် ဒေါ်လာ ၃ ဘီလျံဖြင့် ရောင်းထွက်

ဟောင်ကောင်မှ ကမ္ဘာ့ဈေးအကြီးဆုံးမြေကွက် ဒေါ်လာ ၃ ဘီလျံဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
25 May 2017 9:48 am တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံပိုင် အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟောင်ကောင်တွင် အထင်ကရကုန်သွယ်ရေးမြေကွက်ကြီးတစ်ကွက်ကို ဟောင်ကောင်အချမ်းသာဆုံးသူဌေးစာရင်းဝင် သူဌေးကြီး Lee Shau-kee
၏ Henderson Land Developement ကုမ္ပဏီက ဟောင်ကောင်တွင် မကြုံစဖူးစံချိန်တင်မြင့်မားသောဈေးနှုန်း အမေရိကန်ဒေါ်လာ ၃ ဘီလျံဖြင့် ကမ္ဘာ့ဈေးအကြီးဆုံးမြေကွက်အဖြစ် အစိုးရလေလံပွဲတစ်ခု၌ လေလံအောင်ကာ ၀ယ်ယူလိုက်ပြီဖြစ်သည်။

၎င်းမြေအား ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေး လီကာရှင်းနှင့် တရုတ်ပြည်မကြီးကုမ္ပဏီတစ်ခုအပါအ၀င် အခြား ၈ ဦးကလည်း Henderson Land နှင့်အပြိုင် လေလံဆွဲခဲ့ကြခြင်းဖြစ်သည်။

လက်ရှိကာလ၌ ငါးထပ်မြင့်သော အထပ်မြင့်ယာဉ်ရပ်နားစခန်းတစ်ခု ရှိသည့် ယင်းမြေတွင် Henderson Land က ရုံးခန်းအဆောက်အအုံ တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် ပြီးစီးရန် ခန့်မှန်းထားသည်။

အထက်ဖော်ပြပါဈေးအရ ၁ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင်ရှိပြီး ၂,၈၈၀ စတုရန်းမီတာ ကျယ်ဝန်းသော ၎င်းမြေနေရာသည် ဟောင်ကောင်အလယ်ပိုင်းခရိုင်တွင် ရှိသည့် ရှားပါးမြေဖြစ်ကြောင်း Huarong International Securities မှ ဂျက်ဆန်ဝုန်က ပြောကြားခဲ့သည်။

ထိုမြေအရောင်းအ၀ယ်သည် စံချိန်တင်ကုန်သွယ်ရေးမြေအရောင်းအ၀ယ်တစ်ခုလည်း
ဖြစ်သည့်အပြင် အနာဂတ်ကာလ အရောင်းအ၀ယ်များအတွက် အခြေပြုတိုင်းတာနှိုင်းယှဉ်စရာတစ်ခုလည်း ဖြစ်လာမည် ဖြစ်ကြောင်းလည်း ၀ုန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင် အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟောင်ကောင်တွင် ကုန်သွယ်ရေးနှင့် လူနေအိမ်ခြံမြေဈေးနှုန်းများသည်တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များ၏ ငွေအလုံးအရင်း အစုအပြုံလိုက်ဝင်ရောက်မှုကြောင့် မြင့်တက်နေခြင်းဖြစ်ပြီး အစိုးရက ထို developer များနှင့် အလွန်ရင်းနှီးနေခြင်းကြောင့် ဖြစ်သည်ဟုလည်း ဝေဖန်သူများက စွပ်စွဲနေကြသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Yadanar Bon
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service