အစိုးရအနေနဲ့ အငှားချအိမ်ရာတွေကို အကောင်အထည်ဖော်ဖို့ မတည် ဘဏ္ဍာငွေ မရှိသေးကြောင်း မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါ တယ် ။
‘တန်ဖိုးနည်းအိမ်ရာတွေကိုတောင် မဝယ်နိုင်သေးတဲ့ ပြည်သူတွေရှိတယ် ၊ ဝန်ထမ်းတွေ ၊ အငြိမ်းစားတွေရှိတယ် ၊ ဒီလိုလူတွေအတွက်ကတော့ တိုင်ြး ပည်က အငှားအိမ်ရာလုပ်ပေးရမှာပေါ့ ၊ လောလောဆယ်ဌာနက အငှားအိမ် ရာ လုပ်ဖို့အတွက် အကောင်အထည်ဖော်ဖို့ အစီအစဉ် မရှိသေးပါဘူး’ လို့ မြို့ ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒေါ်မီမီတင်က ပြောပါတယ် ။
ဌာနက လည်ပတ်ရန်ပုံငွေသုံးတဲ့အတွက်ကြောင့် အကောင်အထည်ဖော်ပြီး ရင် စီမံကိန်းမှာ အကျိုးအမြတ် ပြရပါတယ် ။ သည်စီမံကိန်းလုပ်လိုက်ပြီး အ ခန်းတွေ ရောင်းလိုက်ရင် အဲသည်ကနေ ဝင်ငွေ လယ်လောက်ပြန် ဝင်လာသ လဲ ဆိုတဲ့ သဘောက သိန်း ၁၀၀ တန် အခန်းကို ငှားလိုက်တဲ့အတွက်ေ ကြာင့် တလမှာ ၃၀,၀၀၀ ရမယ်ဆို ဒါကို နှစ်ပေါင်းများစွာ မြှုပ်ထားပေး ရတော့မှာဖြစ်တယ် ။
ဒါမျိုးမထားနိုင်တော့ လောလောဆယ်မှာဌာနအနေနဲ့ အစီစဉ်မရှိသေးဘူးလို့ သိရပါတယ် ။ အရင်က အငှားချအိမ်ရာတွေကို ဗဟိုအစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရကို ဘဏ္ဍာငွေချပေးပြီး ပြည်နယ်နှင့် တိုင်းအစိုးရ အစီ အစဉ်နဲ့ ဆောက်လုပ်ပေးတာလို့ သိရတယ် ။
ဒါပေမဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက နောက်ပိုင်းမှာ တည်ဆောက်မယ့် တန်ဖိုးနည်းအိမ်ရာတွေကိုတောင်မှ ဆောက်လုပ်မှုမပြီးခင်ကတည်းက ကြို တင်ရောင်းရဖို့ရှိပြီး အဲဒါမှာသာ ဌာနဘက်က ဝယ်လိုအားတွေကို ကြိုသိရ မှာ ဖြစ်တယ် ။ အခုဆောက်လုပ်ပြီး ရောင်းမထွက်ရင် အဆင်မပြေနိုင် တာကြောင့် ကြိုရောင်းဖို့ အစီအစဉ်တွေ ရှိနေတယ်လို့သိရပါတယ် ။
Credit: The Kumudra