ဂျပန်ဘီလျံနာ၊ အိမ်ခြံမြေ developer က နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ်၊ ထရမ့်အင်တာနေရှင်နယ်တာဝါရှိ အခန်းကို ကန်ဒေါ်လာ ၂၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အိပ်ခန်း ၄ ခန်းပါ အဆိုပါအခန်းမှ Central Park နှင့်
ဟတ်ဆန်မြစ်တို့၏ အလှကို ကောင်းစွာတွေ့မြင်ရသည်။
ထရမ့်တာဝါတွင် ကပ်လျက် ၂ ခန်းပိုင်ဆိုင်ထားခြင်းဖြစ်ပြီး
၂ ခန်းလုံးကို ဈေးကွက်တင်ရောင်းချခဲ့ဖူးကာ ရောင်းမထွက်ခဲ့ချေ။
ယခုအခါ ဂျပန်ဘီလျံနာ ကတ်ဆုမီ တာဒါက ယင်း ၂ ခန်းအနက် ပိုမိုတန်ဖိုးကြီးမားသည့်တစ်ခန်းကို ဈေးကွက်ပြန်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်တင်သည့် အခန်းအမှတ် 47C မှာ စတုရန်းပေ ၄၄၁၅
ကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။မစ္စတာ
တာဒါသည် အဆိုပါအခန်းကို ကပ်လျက်အခန်းဖြစ်သော 47B နှင့် တပြိုင်တည်းဝယ်ယူခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်အတွင်း သူ၏ ကုမ္ပဏီဖြစ်သော Daisho Co.,
မှတစ်ဆင့် ကန်ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း
ဖြစ်သည်။အဆိုပါ ၂ ခန်းလုံးကို လွန်ခဲ့သောတစ်နှစ်ခန့်က
စုစုပေါင်းခေါ်ဈေး
ကန်ဒေါ်လာ သန်း ၄၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၃၄ ဒသမ ၅ သန်းသို့ ဈေးနှုန်းလျှော့ချပေးခဲ့သည်။ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ မစ္စတာတာဒါ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့်ရှိသည်ဟုဆိုသည်။
သူ၏ ကုမ္ပဏီ Daisho Co., သည် ရုံးခန်းများ၊ ဟိုတယ်များနှင့် ဈေးဝယ်စင်တာများ ဆောက်လုပ်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင်
နေအိမ် ၆ လုံး ပိုင်ဆိုင်ထားသည်။
၂၀၁၅ ခုနှစ်အတွင်း စင်္ကာပူတွင် penthouse ခန်းတစ်ခုကို
ကန်ဒေါ်လာ ၁၅ သန်းခန့် အရှုံးခံရောင်းချလိုက်ရာတွင် နာမည်ကျော်သွားခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)