မြကျွန်းသာဥယျာဉ်တွင် သတ်မှတ်ချက်ထက်ကျော်လွန် တည်ဆောက်ထား သည့် အ ဆောက်အအုံများ ပြန်ဖျက်ရမည် ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း မစတင်ရသေးသောကုမ္ပဏီများ က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးေ က်ာမတီ၏ Master Plan အတိုင်း လုပ်ကိုင်မည်ဆိုပါ က လုပ်ငန်းလုပ် ကိုင် ခွင့် ဆက်လက်ခွင့်ပြုမည်ဟု ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးမောင်မောင်စိုးက ပြော ကြားသည်။
မြကျွန်းသာ အပန်းဖြေဥယျာဉ်တွင် ပုဂ္ဂလိကကုမ္ပဏီများ က ဆောက်လုပ် ထားသော စီးပွား ဖြစ်အဆောက်အအုံများသည် စာ ချုပ်ပါသတ်မှတ်ချက်နှင့်
ကျော်လွန်၍ အထပ်ကျော်လွန်ဆောက် လုပ်ခြင်း၊ ကန်ရေပြင်နှင့် နီးစပ် စွာ ဆောက်လုပ်နေခြင်းများနှင့်ပတ် သက်၍ မေလ ၂၂ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဆိပ် ကြီးခနောင်တိုမြို့ နယ်မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ၏ မေးမြန်း ချက် အပေါ်၎င်းက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ အဆောက်အအုံ ဆောက်လုပ်ခြင်းများနှင့်ပတ် သက်၍ ၂၀၁၇ ဇန် န၀ါရီက ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစည်းအဝေးတွင် ရန်ကုန်ြ မို့ တော် စည်ပင်သာယာရေးကော် မတီက Master Plan တစ်ခု ရေးဆွဲ ၍ ပြန်လည်ပြင်ဆင်တည် ဆောက်စေရန် ဆုံးဖြတ်ခဲ့ကြောင်း ၀န်ကြီး ဦးေ မာင်မောင်စိုးက ဆို သည်။
‘‘ပေ ၃၀ က အနည်းဆုံး တော့ ကွာရပါလိမ့်မယ်။ ဖျက်လည်းဖျက်ရပါလိမ့် မယ်။ ကြိုပြီးတော့ ပြောတာပါ။ ခွင့်လည်း ခွင့်မပေးပါဘူး။ နောက်တစ်ခုက အရှေ့နဲ့ အနောက်လည်း ပြောင်းရပါလိမ့်မယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိဆောက်လုပ်ထား သော အဆောက်အအုံများသည် ကန်ရေပြ င်နှင့် ပေ ၃၀ ခန့်ကွာရ မည်ဆိုသည့်အချက်ကို ကျော် လွန်၍ အချို့သည် ရေ စပ်အထိ ကပ်ကာ ဆောက်လုပ်မှုများရှိနေ ပြီး စည်းကမ်းချက်များနှင့် လွဲေ ချာ်နေခြင်းကြောင့် မေးမြန်းရ ခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။
လက်ရှိအချိန်ထိ လုပ်ငန်းစတင်မှုမရှိသေးသော ကုမ္ပဏီများကို ပြန်လည် ရုပ်သိမ်းမည်မဟုတ်ဘဲ ရေးဆွဲထားသော Master Plan အတိုင်း လိုက်နာနိုင် မည်ဆိုပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပေးမည်ဟု စည်ပင်သာယာရေးဝန်ကြီးက ဆို သည်။
‘‘ဘောင်ထဲမှာတော့ လုပ်ရမယ်။ မလုပ်နိုင်ရင်တော့ ပြန်အပ်။ အဲဒါတော့ ရှိတယ်။ လုပ်နိုင်ရဲ့သားနဲ့ သိမ်းရင်မကောင်းဘူး။ ကျွန်တော်တို့ Master Plan အတိုင်းသွားရမယ်။ လုပ်နိုင်မယ်၊ ကျွန်တော်တို့ ပူးပေါင်းပါမယ် ဆိုရင် Welcome ပါ’’ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီသည် မြကျွန်း သာ ဥယျာဉ်အ တွက် Master Plan ကို စတင် ရေးဆွဲနေသည်။ Master Plan ရေးဆွဲပြီးလျှင် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး အ တည်ပြုချက် ရရှိပါက လွှတ်တော်ကိုယ်စားလှယ်များအား ပြောပြမည်ဟု ဆို သည်။
Master Plan အမြန်ဆုံးရေး ဆွဲထုတ်ပြန်ပေးရန် လုပ်ငန်းရှင် အချို့ကေ တာင်းဆိုထားသော်လည်း မြန်မြန်ပြီးရန်နှင့် မှန်ကန်သည့် အစီအမံတစ်ခု
ဖြစ်စေရန် အချိန်ပေး၍ ရေးဆွဲနေသည်ဟု ၎င်းက ဆိုသည်။
ယခင်အစိုးရလက်ထက် ၂၀၁၃ ဧပြီ ၁၀ ရက်တွင် စာချုပ်ချုပ်ဆို၍ နှစ် (၆၀) သက်တမ်းဖြင့် တစ်လလျှင် မြေတစ်ဧက ကျပ် ၁၀ သိန်းနှုန်းဖြင့် မြေအငှား ချထားပေးခဲ့သည်။
လုပ်ငန်းစတင်နေသော လုပ်ငန်းအများစုသည် စည်ပင်၏ မူလခွင့်ပြုချက် ပုံစံဖြင့် ကွဲလွဲကာ တည်ဆောက်နေခြင်းကြောင့်ဟု ဆိုကာ ၂၀၁၆ မတ်လက စ၍ ဆောက်လုပ်ဆဲ လုပ်ငန်းများ ရပ် ဆိုင်းရန် တရားဝင်အသိပေးညွှန် ကြား ထားခဲ့ကြောင်း သတင်းရရှိ သည်။
Credit: 7DayDaily