အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ မန်ဟက်တန်အရပ်တွင် တစ်ချိန်က နယူးယောက်ရဲတပ်ဖွဲ့ NYPD ၏ ဌာနချုပ်အဖြစ် အသုံးပြုခဲ့သော အဆောက်အအုံကြီးရှိ ဇိမ်ခံနှစ်ခန်းတွဲလူနေခန်းကို ကန်ဒေါ်လာ
၁၈ ဒသမ ၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက် ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအဆောက်အအုံကို ၁၉၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နယူးယောက်ရဲတပ်ဖွဲ့ဌာနချုပ်အဖြစ် အသုံးပြုခဲ့ကာ ၁၉၈၈
ခုနှစ်တွင်မူ ဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲမွမ်းမံခဲ့သည်။
အဆောက်အအုံကို ဘိုးအာ့ထ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ယခင်က အားကစားလေ့ကျင့်ရေးစင်တာအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး မျက်နှာကျက်မှာ ၂၅ ပေအမြင့်ရှိ အမိုးခုံးမျက်နှာကျက်ဖြစ်သည်။
ရောင်းချမည်မှာ ပဉ္စမနှင့် ဆဌမအလွှာများတွင်ရှိပြီး နှစ်ခန်းတွဲဖြစ်ကာ အကျယ်အဝန်းမှာ ၆၆၀၀ စတုရန်းပေ ရှိသည်။
မန်ဟက်တန်အောက်ပိုင်းတစ်ခွင်လုံးကို တွေ့မြင်နိုင်သည် သီးသန့်လသာဆောင်ပါဝင်သည်။
ပထမအလွှာတွင် ရေချိုးခန်း ၄ ခန်း၊ master bedroom တစ်ခန်း ၊ walk-in အဝတ်အစားထားသိုခန်း၊ ရုံးခန်းတို့ ပါဝင်သည်။
ဒုတိယအလွှာတွင် စာကြည့်ခန်းပါဝင်ပြီး ပင်မအခန်းမှ ဧည့်ခန်းနှင့် ညစာစားခန်းတို့ကို စီးမိုးမြင်နေရသည်။
ယင်းအဆောက်အအုံကို ဗိသုကာပညာရှင် ချားလ်စ် ဂွဲ့သ်မေးက ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၁၉၀၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ နယူးယောက်ရဲတပ်ဖွဲ့ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။
နာမည်ကျော်ဒါရိုက်တာကြီး စတီဗင် စပီးလ်ဘတ်သည်လည်း ဤအဆောက်အအုံတွင် နေထိုင်သွားခဲ့ဖူးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)