မြောက်ဒဂုံမြို့နယ်မှ ဗိုလ်မင်းရောင်အိမ်ရာမှာလည်း
အခန်းပေါင်း၈၀၀ကျော်မှာ ပြီးစီးသွားပြီဖြစ်သောကြောင့် ငွေအကြေသွင်းထားသူလူဦးရေ၆၀၀ကျော်ကို
အခန်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်သည့် ဗိုလ်မင်းရောင် အိမ်ရာမှာ ပြီးစီးသွားပြီဖြစ်သောကြောင့် ငွေအကြေ ပေးသွင်းသူများကို စတင်ပြီးသော့အပ်နှံနေခြင်းဖြစ်သည်။
တိုက်ခန်းဝယ်ယူသူနှင့် ရန်ကုန်မြို့တော်စည်ပင်
သာယာရေးကော်မတီတို့၏ သဘောတူညီချက်များရ တိုက်ခန်းတန်ဖိုးကိုပေးသွင်းရမည့်ရက်မှရက်ပေါင်းသုံးဆယ်
အတွင်းကျော်လွန်ပါကဒဏ်ကြေးဆောင်ရမည်ဟု သတ်မှတ်ထားသည်။
သတ်မှတ်ဒဏ်ကြေးမှာ တိုက်ခန်းဝယ်ယူသူမှ ရန်ကုန် မြိ့တော်စည်ပင်ကို တစ်ရက်လျှင်ဒဏ်ကြေးတစ်သောင်းပေးသွင်းရမည်ဖြစ်ကြောင်း
သိရသည်။
ငွေအကြေပေးမသွင်းရသော သူများ အနေဖြင့်ဇွန်လနောက်ဆုံးပတ်အတွင်းလာရောက်ပေးသွင်းရ
မည်ဖြစ်ပြီး ပေးသွင်းနိုင်ခြင်း မရှိပါကစာချုပ်ပါ စည်းကမ်း
အတိုင်း ဒဏ်ကြေးပေးဆောင်ရတော့မည်ဖြစ်သည်။
ဗိုလ်မင်းရောင်တိုက်ခန်း များသည် ၉၂၇ စတုရန်းပေ၊
၈၂၇ စတုရန်းပေ၊ ၆၁၄ စတုရန်းပေ၊ ၅၁၄ စတုရန်းပေဟူ၍ အကျယ်အ၀န်းအမျိုးအစားလေးမျိုးရှိသည်။
အကျယ်အ၀န်းပေါ်မူတည် ၍ တိုက်ခန်းများ၏ တန်ဖိုးကို
ကျပ်သိန်း ၂၆၀ ကျော်မှ သိန်း ၃၇၀ ကျော်အထိရောင်းချလျှက်
ရှိသည်။
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာများတွင်ဝယ်ယူထားသူအများစု
သည် ကိုယ်တိုင် နေထိုင်သည့် ထက် ပြန်လည်ဌားရမ်းသူများပြားပြီး အများစုမှာ နိုင်ငံခြားသားများကိုသာ အဓိကထားဌားရမ်းနေကြသည်
ဟု အိမ်ခြံမြေ အကျိုးဆောင် အချို့ကဆိုသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com