အရံသင့်နေထိုင်နိုင်သည့် လုံးချင်အိမ် Fully Furniture အငှာေးဈးကွက်မှာ လတ်တလောတွင်အေးစက်လာသော်လည်း ကျန် ပုံမှန်အငှားဈေးကွက်မှာ အားကောင်းနေကြောင်း အကျိုးဆောင်များထံမှ သိရသည်။
""လွန်ခဲ့တဲ့ သုံးလလောက်အထိတော့ fully furniture တွေအလုပ်ဖြစ်တယ်။ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ တော်တော်လေးအေးစက်သွားတယ်။မဖြစ်သလောက်ကို အခြေအနေဖြစ်သွားတယ်။လတ်တလော အားကောင်းနေတာကတော့ ပုံမှန်အငှာေးဈးကွက်အားကောင်းတယ်။ရာသီကလည်း အငှားရာသီဖြစ်နေပြီဆိုတော့ ဝါမဝင်ခင်အထိအငှား ဈေးကွက်ကအားကောင်းမှာပါ။""ဟု ဒဂုံလေးမြို့နယ် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသည့် အောင်စည်ဟိန်း အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
လတ်တလော ပုံမှန်အငှားဖြစ်နေမှုအပိုင်းတွင် တစ်သိန်းပတ်လည် နေရာများအငှားအားကောင်းနေကာ လချုပ်စနစ်ဖြင့်ငှားရမ်းလာကြကြောင်းသိရသည်။ထို့ပြင် တိုက်ခန်းအငှားဈေးကွက်မှာလည်း အားကောင်းလာခဲ့ပြီး နှစ်သိန်းကျပ် နှင့် သုံးသိန်းကျပ်ဝန်းကျင်အခန်းများ အများစုဖြစ်နေကြောင်း ၊ ခြောက်လတစ်ဖြတ် ငှားရမ်းမှုပုံစံဖြင့် ဈေးကွက်အားကောင်နေကြောင်းသိရသည်။
ထို့ပြင် နှစ်စကတည်းကအေးစက်နေခဲ့သော အိမ် ခြံ မြေ အရောင်း ဈေးကွက်တွင် မြေ အရောင်းအဝယ်များမှ တစ်ဆင့်ပြန်လည်လှုပ်ခတ်လာခဲ့ကြောင်း လည်း သိရသည်။အရောင်းအဝယ်ဖြစ်သော နှုန်းထားမှာ သိန်း တစ်ထောင်ဝန်းကျင် နှင့်အထက် မြေကွက်များကို အဓိကထားဝယ်ယူကြကြောင်းလည်းသိရသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com