ကာတာနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့က
အကောင်အထည်ဖော်လျက်ရှိသော ဆောက်လုပ်ရေးစီမံကိန်းလုပ်ငန်းခွင်တစ်ခုတွင် မတော်တဆဖြစ်မှုတစ်ခုကြောင့် အလုပ်သမား ၃ ဦးသေဆုံးကာ လူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်း ကာတာအစိုးရပိုင် QNA
သတင်းဌာနက ဖော်ပြသည်ဟု အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖြော်ပသည်။
ကာတာကာကွယ်ရေးဝန်ကြီးဌာနက သေဆုံးရသူတို့၏ မိသားစုနှင့်ထပ်တူဝမ်းနည်းရပါကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူတို့ကို အလျင်အမြန် ပြန်လည်ကောင်းမွန်စေလိုကြောင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် သေဆုံးသူများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်၊ မည်သည့်အကြောင်းကြောင့် သေဆုံးသည်၊ ဆေးရုံတွင်ရောက်ရှိနေသော ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည်ဟူသော အသေးစိတ်အချက်
အလက်များကိုမူ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိချေ။
မိမိတို့၏ အဆောက်အအုံများအားလုံးတွင် လုံခြုံရေးဆိုင်ရာ
စံချိန်စံညွှန်းများ အမြင့်မားဆုံးထားရှိလိုက်နာခဲ့သည်ဟုလည်း ကာတာကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်မှာ ၂၀၁၃ ခုနှစ်၊ ဇွန်လအတွင်း မီးလောင်မှုကြောင့် အလုပ်သမား ၁၃ ဦးသေဆုံးခဲ့ရသည့်ဖြစ်ရပ်နောက်ပိုင်း အကြီးမားဆုံး
လူသေဆုံးမှုလည်း ဖြစ်သည်။
ကာတာသည် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ရွေးချယ်ခံလိုက်ရပြီးနောက်
ကာတာရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အခြေအနေများမှာ
များစွာဝေဖန်ခံရလျက်ရှိသည်။လက်ရှိအားဖြင့် ကာတာတွင် ရွှေ့ပြောင်းလုပ်သားပေါင်း ၂ သန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)