အခွန်ကောက်ဥပဒေ အသက်ဝင်ပြီး တစ်လကျော်ကြာသည့်တိုင် အခွန်တံ ဆိပ်ခေါင်း မကပ်နိုင်၍ ရွှေဆိုင်များ အခွန်ကောက်၍ မရသေးကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သိရသည်။
အခွန်ကောက်ခံရမည့် ပုံစံ ကို အခွန်ဌာနက ညွှန်ကြားထားခြင်း မရှိသောေ ကြာင့် အခွန်မ ကောက်နိုင်ခြင်း ဖြစ်ကြောင်း အောင်သမာဓိရွှေဆိုင် အထွေေ ထွ မန်နေဂျာ ဦးမော်က ပြော သည်။
‘‘ကျွန်တော်တို့ အခွန် ကောက်ပြီး ဘယ်ပေးရမှန်းမသိဘူး။ ဘယ်လို ကောက် ရမှန်းလည်း မသိဘူး။ ဘယ်လိုပြောကောက်ရ မှန်းမသိဘူး။ ဒါကြောင့်ေ ကာက်လို့ မရသေးဘူး’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။
ဥပဒေအရ အခွန်ကောက် သူအချို့ရှိသော်လည်း အခွန်တံ ဆိပ်ခေါင်း မ ကပ်နိုင်၍ ၀ယ်ယူသူ များက ဆိုင်ရှင်များကို အစိုးရထံ အခွန်အမှန်တကယ်
ရောက်၊ မ ရောက် မေးမြန်းမှုများ ကြုံတွေ့နေ ရကြောင်း တိတ်စိန်ရွှေဆိုင် ပိုင်ရှင် ကိုဇော်အောင်က ပြောသည်။
‘‘ဒီလလယ် ရမယ်လို့ ပြော တယ်။ တံဆိပ်ခေါင်းတွေ မရ သေးတော့ ကောက် လို့ အဆင်မ ပြေဘူး။ ဒါကြောင့် တချို့ဆိုင်တွေ က ကောက်တယ်။ တချို့ ဆိုင်တွေ က မကောက်ကြသေးဘူး။ ကျွန် တော်တို့ဆိုင်က မကောက်သေး ဘူး’’ ဟု ၎င်းကဆက်လက်ပြော သည်။ လက်ရှိတွင် ရွှေဆိုင်များ တွင် အခွန်ေ ကာက်ခံခြင်းကို ယ ခင်စနစ်ဟောင်းအတိုင်း ကောက် ခံစေသော် လည်း မေ လ ကုန်တွင် စနစ်သစ်အရ တံဆိပ်ခေါင်းခွန် ဖြင့် ကောက်ခံရမည်ဟု
ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။
၂၀၁၇ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ လက်ဝတ်ရတနာ ရွှေ ထည် ၀ယ်ယူသူများ သည် အခွန် ၁ ရာခိုင်နှုန်းနှင့် အ ခေါက်ရွှေ ၀ယ်ယူသူ များသည် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည်ဖြစ်သည်။
အခွန်စနစ်ဟောင်းတွင် ရွှေ ဆိုင်များ၏ ရောင်းအားကို တွက်ချက်၍ ဆိုင်ရှင် က အခွန်ဆောင် ရခြင်းဖြစ်သည်။ လက်ရှိ အခွန် ကောက်ခံမည့် စနစ်သစ် တွင် အ ခွန်တံဆိပ်ခေါင်းများကပ်၍ ရွှေ ထည်လက်ဝတ်ရတနာ ၀ယ်ယူ သူ က ၀ယ်ယူသည့်ပမာဏပေါ် မူတည်၍ ၁ ရာခိုင်နှုန်း အခွန်ဆောင်ရ မည်ြ ဖစ်သည်။ အဆိုပါ ရွှေခွန်အတွက် အခွန်တံဆိပ် ခေါင်းများကို ကျပ် ၅၀ တန်မှ ၁၀,၀၀၀ တန်အထိ ရောင်းချမည် ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိ ရသည်။
Credit: 7DayDaily