ဟောလိဝုဒ်ကြယ်ပွင့် ဂျနီဖာလောရင့်စ်သည် Tribeca အရပ်ရှိ သူ၏ ကွန်ဒိုခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၂၇၅၀၀ ဖြင့်
ငှားရမ်းရန် ဈေးကွက်တင်လာကြောင်း ဆန်ဖရန်စစ္စကို
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါအခန်းသို့ လာရောက်နေထိုင်နိုင်ခြင်းမရှိသောကြောင့် အငှားချထားခြင်းဖြစ်ပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃
ခန်းပါဝင်သည့် ကွန်ဒိုခန်း ဖြစ်သည်။
ဂျနီဖာသည် ယခုနှစ် ဇန်နဝါရီလအတွင်း ယင်းအခန်းကို
ကန်ဒေါ်လာ ၉ ဒသမ ၀၃၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
နေအိမ်ငှားရမ်းသူသည် အိမ်နီးချင်းကောင်းတစ်ဦးရရှိမည်ဖြစ်ရာ
one direction အဖွဲ့မှ ဟယ်ရီစတိုင်ဖြစ်သည်။
ဓာတ်လှေကား တံခါးပွင့်သည်နှင့် ကျယ်ပြောသော အဝင်ခန်းမတစ်ခု
သို့ ရောက်ရှိမည်ဖြစ်ပြီး မြောက်ဘက်သို့ မျက်နှာမူသည့်
ပြတင်းပေါက် ၄ ခုပါဝင်ကာ မြင့်မားသည့်မျက်နှာကျက်ရှိသော
ဧည့်ခန်းနှင့် ညစာစားခန်းတို့ကို ဆက်လက်တွေ့မြင်ရမည်
ဖြစ်သည်။
အခန်းအကျယ်မှာ ၃၁၈၄ စတုရန်းပေရှိပြီး အဖြူရောင်ဝက်သစ်ချ
သားဖြင့် ကြမ်းခင်းထားသည်။ထူးခြားချက်မှာ ၂၄ နာရီတံခါးစောင့်
ဝန်ထမ်းတစ်ဦးရှိခြင်း၊ အလျား ၇၁ ပေရှိ အိမ်တွင်းရေကူးကန်
ပါဝင်ခြင်းနှင့် မြေယာအလှပြုပြင်မွမ်းမံထားသော
စတုရန်းပေ ၅၀၀၀ ရှိ အမိုးပေါ်အပန်းဖြေနေရာ ပါဝင်ခြင်းတို့ ဖြစ်သည်။
ယင်းအဆောက်အအုံတွင် ဂျနီဖာနှင့် ဟယ်ရီစတိုင်တို့အပြင် အခြားကြယ်ပွင့်များလည်း နေထိုင်လျက်ရှိရာ ရိုင်ယန်
ရေးနိုးနှင့် ဂျပ်စတင် တင်းဘားလိတ်ခ်တို့ ဖြစ်ကြသည်။
ပြီးခဲ့သော ၂၀၁၆၊ သြဂုတ်လအတွင်းကလည်း ဂျနီဖာလောရင့်စ်သည် မအောင်မြင်မီက နေထိုင်ခဲ့သည့် ဆန်တာမိုနီကာနေအိမ်ကို
ကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသည်။ အဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/505395 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
၂၀၁၄ ခုနှစ်တွင်မူ ဂျနီဖာလောရင့်စ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်ရှိ ကန်ဒေါ်လာ ၈ ဒသမ ၂၂၅ သန်းတန်
နေအိမ်သို့ ပြောင်းရွှေ့ ခဲ့သည်။
ယင်းနေအိမ်ကို ယခင်က ပိုင်ဆိုင်ခဲ့ဖူးသူများမှာ ဂျက်ဆီကာ ဆင်ပ်ဆင်၊ Crocodile Dundee သရုပ်ဆောင် ပေါလ်ဟိုဂန်၊ လီယိုနာဒို
ဒီကာပရီယို၏ မန်နေဂျာနှင့် ကင်မရွန် ဒိုင်ယက်ဇ်တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)