ရန်ကုန်မြို့မှာ နှစ်ရှည် အရစ် ကျစနစ်နဲ့ တန်ဖိုးနည်းအိမ်ရာတွေရဲ့ ချေးငွေ သက်တမ်းကာလကို လက်ရှိမှာ ၁၀နှစ် ထားပေးရာကနေ နှစ် ၃၀ အထိ တိုြး မှင့်ထားပေးနိုင်ရေး ဂျပန်နဲ့ ဆွေေးနွေးနေတယ်လို့သိရပါတယ်။
‘ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်ချေးငွေကို နှစ် ၃၀ အ ထိ တိုးပေးနိုင်ဖို့ စီစဉ်နေတာတွေ ရှိပါတယ်၊ fund ကို အခြေခံပြီးတော့ အ ရစ်ကျ ချေးငွေကို အတိုးနှုန်း သက်သက်သာသာ ပေးနိုင်အောင် လုပ်ပေးနိုင် ဖို့ ဖြစ် ပါတယ်၊ ပြည်တွင်းမှာက အတိုးနှုန်းတွေက မြင့်နေတယ်လေ၊ အဲဒါေ ကြာင့် နိုင်ငံတကာကနေ G to G နဲ့ soft loan တွေရဖို့ ကြိုးစားနေပါတယ်၊ အဲဒါတွေရလာရင် နှစ်ရှည်ဖြစ်လာတဲ့အတွက် အတိုးနှုန်းကလဲ သက်သာ သွားမှာဖြစ်ပြီး လစဉ်ပေးနေတဲ့ အရစ်ကျကလဲ နှစ်ရှည်ဆိုတော့ နည်းသွား မှာဖြစ်တယ်”လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် Banking & Finance ဖြစ်သူ ဒေါ်မြင့်မြင့်မူက ပြောပါတယ်။
နှစ်ရှည်အိမ်ရာချေးငွေစနစ်နဲ့ ကျပ်သိန်း ၁၀ဝ ဝန်းကျင် တန်ဖိုးနည်းအိမ်ရာေ တွကို ဝယ်ယူသူတွေအတွက် အိမ်ခန်းတန်ဖိုးချေးငွေပြန်ဆပ်ရမယ့် ကာလကို အရင်ရှစ်နှစ်အထိသာ ပေးထားပေမဲ့ ခုလက်ရှိအချိန်မှာ ၁၀ နှစ်အထိ တိုြး မှင့်ပေးထားပါ တယ်။
လက်ရှိမှာ အစိုးရက ဆောက်လုပ် ရောင်းချနေတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမျှတအိမ်ရာတွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွေ က နှစ် ရှည်အိမ်ရာချေးငွေယူပြီး ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ ဆောက် လုပ်ရေး ဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က ရောင်းချမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းဝယ်ယူခွင့် ရရှိ သူတွေဟာ ငါးနှစ်အတွင်း မှာ လွှဲပြောင်းရောင်းချခွင့် မပြုရဘဲ ငါးနှစ်ပြည့်ပြီး ရောင်းချလိုပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ ဈေးနဲ့ရောင်းချရမယ်လို့ သိရ ပါ တယ်။ ဒါ့အပြင် တန်ဖိုးသင့်နဲ့ တန်ဖိုးနည်း တိုက်ခန်းဝယ်ယူလျှောက်ထား သူတွေဟာ အသက် ၂၅နှစ်ပြည့်ပြီး အိမ်ပိုင်မရှိသူ ဖြစ်ရမှာ ဖြစ်ပါတယ်။ အိမ် ပိုင်ရှိသူများနဲ့ တိုက်ခန်းရရှိပြီးသူဖြစ်ပါက ဝယ်ယူခွင့်တိုက်ခန်းတန်ဖိုးရဲ့ ငါးရာ ခိုင်နှုန်းကို ဒဏ်ကြေး အဖြစ် ခုနှိမ်မှာဖြစ်ပြီး ဝယ်ယူတဲ့တိုက်ခန်း ကို လည်း ပြန်သိမ်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit: The Kumudra