ဗဟိုဘဏ်၏ ရည်ညွှန်း ငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြင်ပငွေကြေး
ဈေးကွက်တွင် အ မေရိကန်ဒေါ်လာတန်ဖိုးသည် မေ လ ၁၇ ရက်က တစ်ေ ဒ်ါလာလျှင် ၁,၃၆၂ ကျပ်သို့ မြင့်တက်လာ သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းသည် မေလ ၁၆ ရက်က တစ်ဒေါ်လာ ၁,၃၆၂ ကျပ်မှ မေလ ၁၇ ရက်တွင် ၁,၃၆၄ ကျပ်သို့ မြှင့် တင်လိုက်သည်။
ထို့ကြောင့် ပြင်ပငွေကြေး ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၈ ကျပ် ၀န်း ကျင်မှ ၁,၃၆၂ ကျပ်သို့ တက်လာခြင်းဖြစ်သည်ဟု ပြင်ပငွေလဲ လုပ်ငန်း လုပ် ကိုင် သူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အခြေအနေသည် လယ်ယာ ပို့ ကုန်ပစ္စည်းများဖြစ် သော ပဲမျိုးစုံ တန်ဖိုးကျဆင်းနေ ခြင်းနှင့် အခြားပို့ကုန်များ တင်ပို့မှုအားနည်းနေခြင်းကြောင့် အမေရိကန်ဒေါ်လာ ပြည်တွင်းသို့ အ၀င် နည်းလာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
ဒေါ်လာအ၀င်နည်းချိန်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဘဏ်ကောလာဟာလေ ကြာင့် ဒေါ်လာဝယ်ယူ စုဆောင်းမှုများရှိ၍ ယခုရက်ပိုင်း တွင် ဒေါ်လာ တန် ဖိုးတက်လာရန် တွန်းအားတစ်ခုဖြစ်သည်ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
နိုင်ငံတကာတွင်လည်း အ မေရိကန်ဒေါ်လာတန်ဖိုးမြင့်တက် နေပြီး ကမ္ဘာ့ေ ရွှဈေးကျနေသည့် အခြေအနေက ပြည်တွင်း၌ အမေရိကန်ဒေါ်လာ တန်ဖိုြး မင့်တက်စေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်း ရှင်အချို့က သုံးသပ်ကြသည်။
ကမ္ဘာ့ရွှေဈေးသည် မေလ ၁၇ ရက်တွင် တစ်အောင်စလျှင် ၁,၂၄၃ ဒေါ် လာဈေး ရှိပြီး ပြည်တွင်းရွှေဈေးက ကျပ်ကိုးသိန်းလေးထောင်ဝန်းကျင်ရှိသည်။'
Credit: 7DayDaily