မန္တလေးဘူတာကြီးရှိ ပုပ္ပားဟိုတယ်ကို ဇွန်လက စတင် ကာ ငါးနှစ် ငှားရမ်း လုပ်ကိုင်ခွင့်အ တွက် ပြည်တွင်းလုပ်ငန်းရှင်များ အား လျှောက်လွှာခေါ်ယူ မည်ဟု မန္တလေးဘူတာစီးပွားရေးဌာနမှ သတင်းရရှိသည်။
ငှားရမ်းလုပ်ကိုင်လိုသူများ အတွက် လက်ရှိတွင် အိတ်ဖွင့် တင်ဒါခေါ်ယူနေ ပြီး မေလ ၂၂ ရက်မှ ၂၉ ရက်အထိ တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့် အ ချက်အလက် များပါဝင်သည့်လျှောက်လွှာများ ရောင်းချမည်ဖြစ်သည်။
ပုပ္ပားဟိုတယ်(ယခုစံအိမ် ဟိုတယ်)ကို ယခင်က သုံးနှစ်တစ်ကြိမ် ငှားရမ်းကာ ယခုနှစ်ကစတင် ၍ ငါးနှစ်သက်တမ်းဖြင့် လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ပြီး အိတ်ဖွင့် တင်ဒါ ဖွင့်လှစ်ခြင်းကို မေလ ၃၀ ရက် တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးဘူတာစီးပွားရေးဌာန မန်နေဂျာ ဦးအောင်ချမ်းမြင့်က ပြောသည်။
‘‘ကျွန်တော်တို့က ဟိုတယ် ကို အခွန်လိုက်ပဲ ငှားရမ်းတာ။ အ ရင်က သုံးနှစ်ပဲ ခွင့်ပြုတဲ့အခါမှာ လုပ်ကိုင်ခွင့်ရတဲ့ သူတွေအနေနဲ့ အခန်းပြင်ရတာတို့၊ အလှ ဆင်ရ တာတို့နဲ့ အဆင်မပြေဘူးဖြစ်နေ တာ။ ဒါကြောင့် အခုကစပြီး ငါး နှစ် လုပ်ကိုင်ခွင့်ပေးမယ်။ အိတ် ဖွင့်တင်ဒါဖွင့်လှစ်မှာကို တိုင်းအ စိုးရရော၊ လွှတ်တော်ကိုယ်စား လှယ်ရော ပါဝင်တဲ့ရွေးချယ်ရေး ကော်မတီကနေ ဖွင့် လှစ်ပေးမယ်’’ဟု ဦးအောင်ချမ်းမြင့်က ပြော ကြားသည်။
ပုပ္ပားဟိုတယ်သည် အခန်း ၄၂ ခန်းပါ သုံးထပ်အဆောက်အ အုံဖြစ်ပြီး ယ မန်နှစ်က တစ်နှစ် လျှင် ကျပ်သိန်း ၂,၆၀၀ ဖြင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီက ဆက်လက်မလုပ်ကိုင်တော့ခြင်း ဖြစ်သည်။
အိတ်ဖွင့်တင်ဒါကြမ်းခင်း ဈေးနှုန်းများကို တိုင်းဒေသကြီးအ စိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စား လှယ်များပါဝင်သော တင်ဒါစိစစ် ရွေးချယ်ရေးကော် မတီက သတ် မှတ်မည်ဖြစ်သည်။
မန္တလေးဘူတာကြီးတွင် ဟို တယ် မာဗယ်၊ ပုပ္ပားဟိုတယ်တို့ ရှိပြီး ကလေးက စားကွင်းနှင့်ဈေး ဆိုင်ခန်းများ ပါဝင်သော Fantasy World အခန်းနေရာကို လည်း သြဂုတ်တွင် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
Credit: 7DayDaily