မေ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၄၄ ဒေါ်လာအထိ ပြန်လည် မြင့်တက်ခဲ့ ပြီး နိုင်ငံခြားငွေလဲနှုန်းလည်း တက်ရိပ်ပြနေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှု န်းကျပ် ၉၀၅၀၀၀ အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်း ရွှေရောင်း ၀ယ်သူများထံမှ သိရသည်။
ပြီးခဲ့သော ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၁၉ ရက်အတွင်း ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ ၅၀ ခန့် မြင့်တက်ခဲ့ရာ ၁၂၉၁ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၁ ရက် နောက်ပိုင်း တအိအိ ပြန်လည်ကျဆင်းခဲ့ပြီး ဧပြီ ၂၈ ရက် တွင် ၁၂၆၆ ဒေါ်လာ အထိေ ရာက်ရှိခဲ့သည်။ မေ ၁ ရက်တွင် ၁၂၆၁ ဒေါ်လာဖြင့် စဖွင့်ခဲ့ပြီး မေ ၂ ရက် တွင် ၁၂၅၅ ဒေါ်လာ၊ မေ ၃ ရက်တွင် ၁၂၄၆ ဒေါ်လာ၊ မေ ၄ ရက်တွင် ၁၂၃၄ ဒေါ်လာ၊ မေ ၅ ရက်တွင် ၁၂၃၃ ဒေါ်လာ၊ မေ ၈ ရက်တွင် ၁၂၂၅ေ ဒ်ါလာ၊ မေ ၉ ရက်တွင် ၁၂၁၄ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၁၂၂၁ ဒေါ်လာ အထိ ကျဆင်းလာခဲ့ပြီး မေ ၁၅ ရက်တွင် ၁၂၃၂ ဒေါ်လာ၊ မေ ၁၆ ရက်တွင် ၁၂၃၄ ဒေါ်လာ၊ မေ ၁၇ ရက်တွင် ၁၂၄၄ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်းသွားခဲ့ပြီး ဇန်န၀ါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၂၄ တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ရွှေဈေးသည် ပြန် လည် ကျဆင်းခဲ့ရာ မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၂၀၀ အောက် အထိေ ရာက်ရှိခဲ့ပြီး မတ် ၂၀ ရက်တွင် ဒေါ်လာ ၁၂၃၀ အထက်၊ မတ် ၂၂ ရက် တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ပြန်ရောက်ခဲ့သည်။ မတ် ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် ၁၂၄၁ေ ဒ်ါလာအထိ ကျဆင်းခဲ့ပြီး ဧပြီ ၇ ရက်တွင် ဒေါ်လာ ၁၂၇၀ အထက်၊ ဧပြီ ၁၄ ရက်တွင် ဒေါ်လာ ၁၂၈၀ အထက်၊ ဧပြီ ၁၈ ရက်တွင် ဒေါ်လာ ၁၂၉၀ အ ထက်သို့ ဆက်တိုက်မြင့်တက်ခဲ့ကာ မေ ၉ ရက်တွင် ၁၂၁၀ ကျော် အထိ ပြန် လည် ကျဆင်းခဲ့ကာ မေ ၁၆ ရက်တွင် ဒေါ်လာ ၁၂၄၀ သို့ ပြန်ရောက်ြ ခင်း ဖြစ်သည်။
ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံးနှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်ပြီး မတ် ၃၁ ရက် တွင် ကျပ် ၈၉၈၉၀၀ သာရှိခဲ့ခြင်း ဖြစ်သည်။ ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက်တွင် ကျပ် ၉၀၉၈၀၀ အထိ ရောက်ရှိခဲ့ပြီး သင်္ကြန်ကာလ ပြီးနောက် ဈေး ကွက် ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်တွင် ကျပ် ၉၁၁၈၀၀ ဖြင့် စံချိန်သစ် တင်ခဲ့ သည်။ ဧပြီ ၄ ရက်ကစပြီး မေ ၃ ရက် အထိ ပြည်တွင်းရွှေဈေးသည် ကျပ် ၉၀၀၀၀၀ အထက်၌ တည်ရှိခဲ့ခြင်းဖြစ်ပြီး မေ ၄ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အောက်ဆင်းခဲ့ပြီး မေ ၁၀ ရက်တွင် ကျပ် ၈၉၁၄၀၀ အထိ ဆက် တိုက် ကျဆင်းခဲ့ပြီး ယခု မေ ၁၅ ရက်တွင် ကျပ် ၈၉၅၀၀၀၊ မေ ၁၆ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိ၊ မေ ၁၇ ရက်တွင် ကျပ် ၉၀၅၀၀၀ အထိ ပြန်တက်ခြဲ့ ခင်း ဖြစ်သည်။
Credit: Eleven Media Group