ပေါ်တူဂီဘောလုံးကြယ်ပွင့်၊ ရီးယဲမက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် လွန်ခဲ့သောရက်ပိုင်းကဗီယက်နမ် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်းဗီယက်နမ်နိုင်ငံ၊ ဒါနန်မြို့အခြေစိုက်ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဗီယက်နမ်ရှိကိုကိုးဘေးတာဝါကွန်ပလက်စ်တွင် စီရော်နယ်ဒို၏ ပထမဆုံးတရားဝင်နေအိမ် ရှိလာတော့မည် ဖြစ်သည်။
စီရော်နယ်ဒိုသည် ကမ္ဘာအနှံ့အပြားတွင် နေအိမ်များစွာရှိထားပြီးဖြစ်ရာလူနေနှင့် ကူးသန်းရောင်းဝယ်ရေးအဆောက်အအုံအမျိုးမျိုး ဖြစ်ကြသည်။
ဗီယက်နမ် ကိုကိုးဘေးတာဝါစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့် ကတိကဝတ်ပေးခဲ့မှုကို ပြီးခဲ့သောသီတင်းပတ်ကမက်ဒရစ်ရှိအခမ်းအနားတစ်ခုတွင် စီရော်နယ်ဒိုကအတည်ပြုခဲ့သည်။
ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခွင့်ရခြင်းအတွက် များစွာစိတ်လှုပ်ရှားမိကြောင်းစီရော်နယ်ဒိုကအင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်ဟုဆိုသည်။
စီရော်နယ်ဒိုကဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံထားသောနေရာကို ကြည့်ရှုရန်အတွက် မကြာမီကာလအတွင်းအာရှသို့ လာရောက်ဖွယ်ရာရှိသည်။
သို့ရာတွင် မည်သည့်အချိန် အာရှသို့ လာမည်ဆိုခြင်းကိုမူအတိအကျ သိရှိရခြင်းမရှိသေးချေ။
အာရှ၏ ယဉ်ကျေးမှုကိုစိတ်ဝင်စားကြောင်းနှင့် ဗီယက်နမ်၏ သမိုင်းအမွေအနှစ် ပေါများမှု၊ သဘာဝအလှများနှင့် နွေးထွေးဖော်ရွေသောဆက်ဆံရေးတို့ကို နှစ်သက်မိကြောင်းစီရော်နယ်ဒိုကပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)