တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူရာတွင် ကနဦး ပေးသွင်းငွေ ပမာဏ လျှော့ချရန်နှင့် ပေးသွင်းရမည့် ကာလ တိုးမြှင့်ရန် ညှိနှိုင်းနေဟုဆို

တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူရာတွင် ကနဦး ပေးသွင်းငွေ ပမာဏ လျှော့ချရန်နှင့် ပေးသွင်းရမည့် ကာလ တိုးမြှင့်ရန် ညှိနှိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
17 May 2017 9:38 am တွင် တင်ခဲ့သည်
4202 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူရာတွင် ကနဦးပေးသွင်းရ မည့် ငွေပမာဏ ၃၀ ရာခိုင်နှုန်းကို လျှော့ချရန်နှင့် ချေးငွေပေးသွင်း ရမည့်ကာလကို နှစ် ၃၀ အထိ ရရှိ စေရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်း
ဒေသကြီး လျှပ်စစ်၊ စက်မှုလက် မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီ လာကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ အိမ်ငှားဖြင့် နေထိုင်ေ သာ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အိမ်ပိုင်ရာပိုင်ဖြစ်စေရန် မည် ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့် ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေးတွင် ၀န်ကြီးဒေါ်နီ လာကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချနေသည့် တန်ဖိုးနည်းအိမ်ရာများ ကို ၀ယ်ယူမည် ဆိုပါက စုစုပေါင်းကျသင့်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကန ဦးပေး သွင်းရပြီး လအလိုက်ပေးချေရ သည့် ချေးငွေကာလသည် ရှစ်နှစ်မှ ဆယ်နှစ် အထိသာ အများဆုံး ခွင့်ပြုထားခြင်းကြောင့် ၀င်ငွေ နည်းပြည်သူများ အတွက် အခက်အခဲရှိသဖြင့် ညှိနှိုင်းခြင်းဖြစ် ကြောင်း ၀န်ကြီးကဆိုသည်။

‘‘ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ကနဦးပေးသွင်းရ သည့် ငွေပမာဏ (Down Payment)လျှော့ချပေးနိုင်ရေးနဲ့ လစဉ်ပေး သွင်းရတဲ့ကာလကို နှစ် ၂၀ က နေနှစ် ၃၀ အထိ ရရှိနိုင်ရေးအ တွက် ပြည်ထောင်စုနဲ့ ညှိနှိုင်းနေ ပါ တယ်’’ဟု ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်မြို့၌ နေထိုင်သူအများစုသည် နေအိမ်ပိုင်ဆိုင်မှု မရှိကြသဖြင့် ဘ၀ အာမခံချက်နည်း ပါး နေသည်ကို အစိုးရက ဖြေရှင်း ဆောင်ရွက်ပေးရန် လို အပ်နေ သည်ဟု မေးမြန်းချက်တင်သွင်းခဲ့ သည့် ရွှေပြည်သာမြို့နယ်မဲဆန္ဒ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောသည်။

‘‘ကျူးကျော်တွေကိုတောင် နေစရာပေးဖို့လုပ်နေတယ် သိရ တယ်။ ဒါကြောင့် အိမ်ငှားနေကြ ရတဲ့သူတွေ၊ နေအိမ်ပိုင်ဆိုင်မှု မရှိသေးတဲ့ နိုင်ငံ ၀န်ထမ်းတွေ အတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ အတွက် မေးရခြင်းဖြစ်ပါတယ်’’ ဟု ၎င်း က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ နသည် ၁၉၅၁ မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အ ထိ ပြည်သူနှင့် နိုင်ငံ့ ၀န်ထမ်းများအတွက် အိမ်ခန်း ပေါင်း ၁၁၆,၄၈၆ ခန်း ကို ဆောက်လုပ်ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုး နည်း အိမ်ခန်း ၈,၀၀၀ ကျော်ကို ၂ နှစ်အတွင်း ဆောက်လုပ်ပေး မည်ဟု သိရသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Yadanar Bon
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service