အမေဇုန်၏ အဆောက်အအုံသစ်တွင် အိုးအိမ်မဲ့များ နေထိုင်ရန်နေရာ ထည့်သွင်းဆောက်လုပ်မည်

အမေဇုန်၏ အဆောက်အအုံသစ်တွင် အိုးအိမ်မဲ့များ နေထိုင်ရန်နေရာ ထည့်သွင်းဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
16 May 2017 11:38 am တွင် တင်ခဲ့သည်
949 ကြိမ် ကြည့်ရှု့ပြီး
လွန်ခဲ့သော တစ်နှစ်ခန့်က amazon.com သည် ဆီယက်တဲမြို့ ရှိ ၎င်းတို့ပိုင်ဆိုင်သော မိုတယ်ဟောင်းတစ်ခုတွင် အိုးအိမ်မဲ့များကို နေထိုင်ခွင့်ပြုခဲ့၏။ အမေဇုန်က အဆိုပါအဆောက်အအုံကို
ဖြိုချပြီး ပိုမိုကျယ်ဝန်းသော ရုံးခန်းနေရာရရှိနိုင်မည့်
အဆောက်အအုံသစ်တစ်ခု ဆောက်လုပ်ရန်
ရည်မှန်းထားသည်။

သို့ရာတွင် မိုတယ်ကို ဖြိုချလိုက်ပါက အိုးအိမ်မဲ့များကို နှင်ထုတ်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် အမေဇုန်က
အိုးအိမ်မဲ့များကို နေထိုင်ရန် နေရာပေးရန် ဆုံးဖြတ်ခဲ့သည်။
၆ ထပ်အဆောက်အအုံ၏ ထက်ဝက်ခန့်ကို အိုးအိမ်မဲ့များအတွက် နေရာပေးသွားမည်ဖြစ်ရာ အကျယ်အဝန်းအားဖြင့်
စတုရန်းပေ ၄၇၀၀၀ ခန့် ကျယ်ဝန်းသည်။

ယင်းပမာဏမှာ မိသားစု ၆၅ ခု (သို့မဟုတ်) လူပေါင်း ၂၂၀ ခန့်
အိမ်မွေး တိရ စ္ဆာန်များပါ ထားရှိနိုင်မည့် အကျယ်အဝန်းဖြစ်သည်။
အဆိုပါအဆောက်အအုံသစ်ကို လာမည့် ၂၀၂၀ နှစ်ဦးပိုင်းတွင်
ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး ကိုယ်ပိုင်ဓာတ်လှေကားများ
ပါဝင်မည် ဖြစ်သည်။

မိမိနေထိုင်ရင်းနှီးလာသည့်ဝန်းကျင်တစ်ခုမှ ထွက်ခွာရသည်မှာ အလွန်ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ကြောင်း အိုးအိမ်မဲ့များအတွက် နေရာများ ရှာဖွေဖန်တီးပေးနေသည့်အဖွဲ့ဖြစ်သော Mary’s Place မှ အမှုဆောင်ဒါရိုက်တာ မာတီ ဟာ့ထ်မန်းက ပြောကြားသည်။

ဆီယက်တဲမြို့ သည် အိုးအိမ်မဲ့ပြဿနာကြီးစွာ ရင်ဆိုင်ရလျက်ရှိသော မြို့ တစ်မြို့ ဖြစ်ပြီး ယင်းပြဿနာအတွက် ၂၀၁၅ ခုနှစ်အတွင်း ဆီယက်တဲမြို့ တော်ဝန်က အရေးပေါ်အခြေအနေပင် ကြေညာခဲ့ရသည်။
ဆန်ဖရန်စစ္စကိုတွင်လည်း Google၊ saleforce.com နှင့် အခြားနာမည်ကျော်ကုမ္ပဏီတို့သည် အိုးအိမ်မဲ့များအတွက် နေအိမ်များ ရှာဖွေရန် ရန်ပုံငွေတစ်ရပ်ထူထောင်ရေး လှုပ်ရှားခဲ့ကြဖူးသည်။

အမေဇုန်သည် မိုက္ကရိုဆော့ဖ်နှင့် အခြားကုမ္ပဏီကြီးများကဲ့သို့ ပရဟိတအလုပ်များ မလုပ်ဆောင်ခြင်းကြောင့် ဝေဖန်ခံခဲ့ရဖူးသည်။
မကြာသေးမီကမူ အမေဇုန်၏ ရပ်တည်မှုပြောင်းလဲသွားပြီး ဝါရှင်တန်တက္ကသိုလ်တွင် ကွန်ပြူတာသိပ္ပံ အဆောက်အအုံသစ် ဆောက်လုပ်ရန် ဒေါ်လာ ၁၀ သန်းလှူဒါန်းခြင်းများ ပြုလုပ်လာခဲ့သည်။

ဆီယက်တဲတွင် အမေဇုန်၏ ဝန်ထမ်းပေါင်း ၃၀၀၀၀ ခန့်ရှိရာ ဆီယက်တဲတွင် အကြီးမားဆုံးပုဂ္ဂလိက အလုပ်အကိုင်ပေးနိုင်သူလည်း ဖြစ်သည်။
ဆီယက်တဲ၏ အိုးအိမ်မဲ့ပြဿနာမှာ ပိုမိုဆိုးရွားလာပြီး လမ်းဘေး၊ တံတားအောက်နှင့် ပန်းခြံများအတွင်းတွင် အိုးအိမ်မဲ့တို့၏ တဲများ ပြန့်နှံ့စွာတည်ရှိနေသည်။

ကင်းကောင်တီဒေသသည် အမေရိကန်တွင် နယူးယောက်နှင့် လော့စ်အိန်ဂျလိပြီးလျှင် တတိယမြောက် အိုးအိမ်မဲ့ အများပြားဆုံး ဒေသဖြစ်ကြောင်း အမေရိကန်အိုးအိမ်နှင့်မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကွန်ဂရက် (အောက်လွှတ်တော်) သို့တင်သွင်းသည့်
နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဒေသတွင် အိုးအိမ်မဲ့ပေါင်း ၁၀၀၀၀ ကျော်ရှိပြီး ၄၀၀၀ ကျော်မှာ လမ်းများပေါ်တွင် နေထိုင်ကြရလျက်ရှိသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေဇုန်၏ အဆောက်အအုံသစ်တွင် အိုးအိမ်မဲ့များ နေထိုင်ရန်နေရာ ထည့်သွင်းဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
အမေဇုန်၏ အဆောက်အအုံသစ်တွင် အိုးအိမ်မဲ့များ နေထိုင်ရန်နေရာ ထည့်သွင်းဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
အမေဇုန်၏ အဆောက်အအုံသစ်တွင် အိုးအိမ်မဲ့များ နေထိုင်ရန်နေရာ ထည့်သွင်းဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
မြေကွက်ပုံစံပေါ် မူတည်ပြီး ဧကတွက်နည်း
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service