ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်နှစ်အတွင်း အိမ်ခန်းပေါင်း ၈၀၀၀ တည်ေ ဆာက်မည့် စီမံကိန်းကို လာမည့် ၂၀၁၈ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင် ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အစိုးရသစ်လက်ထက် ရက် ၁၀၀ အတွင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တန်ဖိုးနည်းအိမ်ခန်း ၂၂၀၀ ကို အကောင်အထည် ဖော် တည်ဆောက်ခဲ့ြေ ကာင်း၊ အဆိုပါအခန်းပေါင်း ၂၂၀၀ အနက်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စီမံခန့်ခွဲမည့် အိမ်ခန်း ၁၅၀၀ ကျော်ရှိကြောင်း၊ အဆိုပါ အခန်းပေါင်း ၂၂၀၀ အနက် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦး စီးဌာနမှ စီမံခန့်ခွဲသည့် တန်ဖိုးနည်းအိမ်ခန်း ၆၀၀ ကျော်ကို ရောင်းချလျက် ရှိပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အလားတူ လှိုင်သာယာမြို့နယ်အတွင်း ထပ်မံအကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် သီလ၀ါတွင် တန်ဖိုးနည်းအိမ်ခန်း ၁၇၀၀ ကျော်ရရှိမည့် စီမံကိန်း တည်ေ ဆာက်လုပ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ပြည်သူများ၏ အိမ်ရာလိုအပ်ချက်အတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရန် မြေလိုအပ်ချက်နှင့် ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ လိုအပ်ချက်ရှိနေကြောင်း၊ သို့သော်လည်း နှစ်အလိုက်အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ကာ ပြည်သူများ၏ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိရေးေ ဆာင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“အိမ်ရာစီမံကိန်း ဆောင်ရွက်ဖို့ မြေလိုအပ်ချက်ရှိတယ်။ ရင်းနှီးမြှုပ်နှံမှု ငွေ ပမာဏ လိုအပ်တယ်။ ဒီလိုလိုအပ်တဲ့အတွက် အိမ်ရာစီမံကိန်းတွေသည် နှ စ်အလိုက် ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ပထမဦးစွာ ထွက်ပေါ်လာ တဲ့ အိမ် ရာတွေမှာ ပြည်သူတွေအနေနဲ့ မရှိသော်လည်း နောက်ပိုင်းမှာ တဖြည်ြး ဖည်း လိုအပ်ချက်တွေ ဖြည့်ဆည်းခြင်းအားဖြင့် ပြည်သူတွေဟာ အိမ်ရာ ပိုင်ဆိုင်မှု ရရှိလာမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ကာ ငွေစုဆောင်းထားရန်နှင့် စုဆောင်းငွေရာခိုင်နှုန်း ၃၀ ပြည့်မီသူများအား တန်ဖိုးနည်းတိုက်ခန်းများ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Credit: Eleven Media Group