ဒေသခံများ၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ပေးနိုင်ရန် ပုဂံ ရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ၅ဝဝဝဝ ခန့်အထိ တိုးချဲ့သတ်မှတ်သွား မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနမှသိရသည်။ လက်ရှိ သတ်မှတ်ထားသော ဧကအပြင် ထပ်မံ၍ ဧရိယာ ဧက ၂ဝဝဝဝေ ကျာ် တိုးချဲ့ကာ ညောင်ဦးမြို့ အရှေ့ဘက် ယုန်လွှတ်ကျွန်းနှင့် ဧရာဝတီမြစ် ဘက်ကမ်းရှိ တန့်ကြည့်တောင်များကိုပါ ထည့်သွင်းသတ်မှတ်ရန် စီစဉ်နေေ ကြာင်း သိရသည်။
ယင်းသို့ တိုးချဲ့သတ်မှတ်ခြင်း ကြောင့် မြို့ရွာရပ်ကွက်များ ရွှေ့ပြောင်ြး ခင်းနှင့် တည်ဆောက်ပြီးသော ဟိုတယ်၊ မိုတယ်များကို ဖျက်ခြင်း ပြုလုပ် မည်မဟုတ် ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရ သည်။
ပုဂံနှင့် ညောင်ဦးမြို့များသည် လက်ရှိတွင် ရှေးဟောင်းအထိမ်းအမှတ် အေ ဆာက်အအုံ တည်ရှိရာ ဇုန်အတွင်းရှိနေပြီး ယင်းမြို့များကို အဆိုပြုရှေးေ ဟာင်းဇုန်အတွင်းထည့်သွင်းပါက မြို့နှစ်မြို့၏ ရပ်တည်မှု ခိုင်မာသွားခြင်း၊ မြို့သူမြိုသားများ စိုးရိမ်မှုကင်းစွာ နေထိုင်နိုင်ခြင်း၊ တည် ဆောက်ပြီးစီး သွားသော ဟိုတယ်၊ မိုတယ်၊ စီးပွားရေး အဆောက်အအုံများ ဆက်လက် ရပ်တည်ခွင့်ရခြင်း၊ ထို့အပြင်ဒေသ ခံများ၏ အကျိုးစီးပွားအတွက် SMEs အသေးစား၊ အလတ်စား အိမ်တွင်းစီးပွား ရေးများကိုလည်း တည်ဆောက် ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပုဂံဒေသ၏ ရှေး ဟောင်းဇုန်ဧရိယာသည် ဧရာဝတီမြစ်၏ အေ ရှ့ဘက်တွင် သတ်မှတ်ထားပြီး တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင် အပါအ ဝင် မြစ်အလယ်တွင် ကျွန်းကြီးများ ရှိနေသော ကြောင့် ထိုပတ်ဝန်းကျင်၌ ဟိုတယ်များဖွင့်လှစ်ခြင်း၊ ကွန်ဒိုကြီးများ တည်ဆောက် ခြင်း လုပ်ဆောင်လို လျှင် ပုဂံ၏မြင်ကွင်းများ ပျောက်ကွယ်သွားနိုင်ပြီး ဧရာဝတီကို ကာကွယ်ြ ခင်းနှင့်အတူ ဇုန်ဧရိယာ တိုးချဲ့ရခြင်းဖြစ်ကြောင်း ရှေးဟောင်းသု တေသန အမျိုးသားပြတိုက် ဦးစီးဌာနမှသိရသည်။ ယခုလက်ရှိ ပုဂံရှေးဟောင်း ယဉ်ေ ကျးမှုဒေသကို ရပ်ကွက်ရှစ်ခု၊ ကျေး ရွာငါးခု ပါဝင်ကာ ဧရိယာ ၇၆၈၅ ဧက ကျယ်ဝန်းပြီး ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရာ ဇုန်၊ ရပ် ကွက်ကိုးခု၊ ကျေးရွာသုံးရွာပါဝင်ပြီး ဧရိယာ ၆၄၁၇ ဧက ကျယ်ဝန်းသောေ ရှးဟောင်း နေရာ တည်ရာဇုန်၊ ကျေးရွာအုပ်စု သုံးစု ပါဝင်ပြီး ဧက ၁၃၈၆၈ ဧက ကျယ်ဝန်း သော ဧက ထိန်းသိမ်းရေးဇုန် စုစုပေါင်း အကျယ်အဝန်း ဧရိ ယာဧက ၂၇၉၇ဝ ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
Credit: Yangon Media Group