အရစ်ကျစနစ်နဲ့ရောင်းတဲ့ သိန်း ၃၀ဝ အောက်တွေ အရောင်းအဝယ် ကောင်းနေ

အရစ်ကျစနစ်နဲ့ရောင်းတဲ့ သိန်း ၃၀ဝ အောက်တွေ အရောင်းအဝယ် ကောင်းနေ - Property News in Myanmar from iMyanmarHouse.com
16 May 2017 10:01 am တွင် တင်ခဲ့သည်
3340 ကြိမ် ကြည့်ရှု့ပြီး
အရစ်ကျစနစ်နဲ့ ရောင်းနေတဲ့တိုက်ခန်း တွေထဲမှာ သိန်း ၃၀ဝ အောက် တန် ဖိုးရှိ တိုက်ခန်းတွေ အိမ်ခြံမြေဈေး ကွက်မှာ အရောင်းအဝယ် ကောင်းနေ တယ်လို့ သိရပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ ခုလက်ရှိမှာတော့ ကွန်ဒိုတိုက်ခန်းတွေထက် သာမန် တိုက်ခန်းတွေကိုပဲ အရစ်ကျနဲ့ဝယ်ယူသူတွေများနေပါတယ်၊ ပြီးတော့ ဝယ် ယူသူတွေဟာ အရစ်ကျနဲ့ ရောင်းချနေတဲ့တန်ဖိုးနည်းတဲ့ သိန်းရာဂဏန်းေ လာက် အိမ်တွေကို စိတ်ဝင်စားမှုများနေပြီး အရောင်း အဝယ်တွေလဲေ ကာင်းနေပါတယ်လို့ အာရှဆောက်လုပ်ရေး အထွေထွေမန်နေဂျာ ဦးရန်ေ အာင်က ပြောပါတယ်။

လက်ရှိမှာကတော့ ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိတဲ့ အရစ်ကျစနစ်နဲ့ ဝယ် ယူနိုင်တဲ့  တိုက်ခန်းတွေ ပိုပြီး အရောင်းအဝယ်ကောင်းနေပါ တယ်။

တိုက်ခန်းတစ်ခန်းကို ဝယ်ယူတော့မယ်ဆိုရင် ဝယ်သူတွေက တိုက်ခန်း အ ရည်အသွေး၊ လူနေထိုင်ခွင့်၊ မီတာ၊ကာလပေါက်ဈေး၊ အရစ်ကျနဲ့ ရောင်း တာလားဆိုတဲ့ အချက်တွေကို အရင်ကြည့်ကြပါ တယ်။  အခုချိန်မှာ တိုက် ခန်း ဝယ်သူတွေက ဈေးကစားဖို့ ဝယ်ကြ တာမျိုးမဟုတ်ဘဲ နေထိုင်ဖို့ဝယ် သူတွေ များတယ်။ ဝယ်သူတွေက လည်း  ကျပ်သိန်း ၂၀ဝ နဲ့ သိန်း ၃၀ဝ ကြားတန်ဖိုးလတ် တိုက်ခန်းတွေကို ပိုပြီး ဝယ်ယူလာကြပါတယ်။

ဝယ်ယူလိုသူအများစုက ငါးနှစ်အရစ်ကျနဲ့ တိုက်ခန်းတွေကို ဝယ်ယူလို တာေ တွ့ရပါတယ်။  တိုက်ခန်းဝယ်ယူသူတွေက နှစ်ရှည်အရစ်ကျနဲ့ တိုက်ခန်းတွေ ကို ဝယ်ယူလိုကြပေမဲ့ ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းကိုလည်းထည့် သွင်းစဉ်း စားဖို့လိုပါတယ်။

တန်ဖိုးမြင့်သိန်းထောင်ကျော် တိုက်ခန်းတွေ မဟုတ်ဘဲ တန်ဖိုးလတ် တိုက် ခန်းတွေ ဖြစ်တာကြောင့် အရစ်ကျ ငါးနှစ်လောက်ဆိုလုံလောက်ပါတယ်။ စတင်ဝယ်ယူချိန်မှာ ၃၀ ရာခိုင်နှုန်းပေးပြီးရင် ငါးနှစ် အရစ်ကျဆိုတစ်လကို ကျပ်ငါးသိန်း ဝန်းကျင်လောက်ပဲရှိတာကြောင့်  စိတ်ဝင်စားမှု များနေတာ ဖြစ် ပါတယ်။

ဒါ့အပြင် ဆောက်လုပ်ရေး ကုမ္မဏီအများစုက ပုဂ္ဂလိကဘဏ်တွေနဲ့  ချိတ် ဆက်ပြီး အရစ်ကျစနစ်နဲ့ တိုက်ခန်းတွေကိုရောင်းချနိုင်အောင် ကြိုးစားလာ ကြတယ်။  အရင်အိမ်ရာဝယ်သူတွေက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျ နဲ့ဝယ် ရပေမဲ့အခုဆိုရင်ဆောက်လုပ်ရေး လုပ်ငန်းရှင်ကိုယ်တိုင် ဘဏ်တွေ နဲ့ချိတ်ပြီး အရစ်ကျဝယ်သူတွေ အတွက်ဆောက်လုပ်ရေးကုမ္မဏီတွေက အာ မခံချက်ပေးနေကြ ပါတယ်။

အဲသည်လို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အိမ်ရာတွေကိုအရစ်ကျစနစ်နဲ့ ရောင်း တဲ့အခါ ဘဏ်တွေကို ၃၀ ရာခိုင်နှုန်းလက်ငင်းပေးရပြီး ကျန် ၇၀ ရာခိုင်နှုန်း ကို အရစ်ကျပေးရပါတယ်။ လက်ရှိအချိန်မှာပြည်တွင်း ဘဏ်တွေက အိမ် ရာတွေ ကို နှစ် နှစ်ကနေ ၁၀ နှစ်အထိ အရစ်ကျနဲ့ ရောင်းချပေးနေတာတွေ ရှိကြောင်း သိရပါတယ်။

တချို့ဘဏ်တွေဆိုရင် အိမ်ရာတွေကို ၁၀ နှစ်လောက်အထိ အရစ်ကျ ဝယ် ယူနိုင်အောင် ချေးငွေပေးလာကြပါပြီ။ တချို့ဆောက်လုပ်ရေး လုပ်ငန်းရှင်ေ တွနဲ့ ဘဏ်တွေချိတ်ဆက်ပြီးရောင်းတဲ့ အိမ်ရာတွေဆို အရစ်ကျ စနစ်ကို ၁၅ နှစ်အထိ ပေးလာကြတယ်။ သည်တစ်နှစ် နှစ်နှစ်အတွင်းမှာပဲ အရစ်ကျေ ပးချေချိန်ပိုမိုကြာမြင့်လာပေမဲ့ဘဏ် တိုးနှုန်း ၁၃ ရာခိုင်နှုန်းကတော့ ပြောင်း လဲမှုမရှိသေးပါဘူး။

နှစ်ရှည်အရစ်ကျနဲ့ တိုက်ခန်းဝယ်ယူလိုသူတွေအတွက် သင့်တော်တဲ့ အ တိုးနှုန်းတစ်ခုသတ်မှတ်သင့်ပြီး လက်ရှိမြန်မာနိုင်ငံစီးပွားရေးအနေ အထား အရအတိုးနှုန်း ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတွင်းမှာ သာရှိသင့်ပါ တယ်။

ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နိုင်ငံတော်ကတည်ဆောက်နေတဲ့ သိန်း ၁၀ဝ ဝန်းကျင်တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေအတွက် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း နဲ့ ရှစ်နှစ် အရစ်ကျချေးငွေတွေ ပေးနေပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်နေ့တွင် ထိုနေရာ၌ပင် ပြန်လည် တွေ့ရှိ...

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမှတ်ခံရ...

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခု စင်္ကာပူလူမှုကွန်ရက် သုံးစွဲသူတို့အကြား နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရော...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ...

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ...

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦးအကြောင်း...

နှစ်ပေါင်း ၅၀၀ အတွင်း မိုးတစ်စက်မျှ မရွာသွန်းခဲ့သော ကမ္ဘာ့အခြောက်သွေ့ဆုံး သဲကန္တာရ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တိုင်း တွေ့ရသည့် ဆန်းကြယ်သောပု စ္ဆာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service